နေပြည်တော်၊ ဒီဇင်ဘာ (၂၃) ရက်။
၂ဝ၂ဝပြည့်နှစ်၊ (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက်(၃၅)နှစ်အထက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ တတိယနေ့ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားရာ ယနေ့နံနက်(၇)နာရီခွဲအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၁)တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းမှ (၆)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ ညနေ(၃)နာရီအချိန်တွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ (၁၁)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။
(၂၄.၁၂.၂ဝ၁၉)ရက်နေ့ ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၁)၌ နံနက်(၇)နာရီခွဲအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနအသင်းတို့သည်လည်းကောင်း၊ ညနေ(၃)နာရီအချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် နေပြည်တော်စည်ပင်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။