skip to content
 
 
နေပြည်တော် ၊ နို၀င်ဘာလ(၃)ရက်။
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉)နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲကို ယနေ့ နံနက်(၇:၃၀)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း(၃)၌ ရှမ်းပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ရာတွင် ရှမ်းပြည်နယ်အသင်းမှ ပဲခူးတိုင်းဒေသကြီးအသင်းကို (၁)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊  ညနေ(၃:၀၀)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း(၁)၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ကယားပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကြရာ (၁)ဂိုးစီ သရေဖြင့် လည်းကောင်း၊ ၀ဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း(၃)၌ တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ယှဉ်ပြိုင်ကြရာ တနင်္သာရီတိုင်းဒေသကြီးအသင်းမှ ကချင်ပြည်နယ်အသင်းကို  (၁)ဂိုး ဂိုးမရှိ ဖြင့်လည်းကောင်း  အသီးသီးအနိုင်ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။
 
  
 
(၄.၁၁.၂၀၁၈)ရက်နေ့တွင် နံနက်(၇:၀၀)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း(၃)၌ ရခိုင်ပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့သည်လည်းကောင်း၊ ညနေ(၃:၀၀)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိ လေ့ကျင့်ရေးကွင်း(၁)၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် နေပြည်တော်အသင်းတို့သည်လည်းကောင်း၊ ၀ဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း(၃)၌ မကွေးတိုင်းဒေသကြီးအသင်းနှင့် ဧရာ၀တီတိုင်းဒေသကြီးအသင်းတို့သည်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကိုစိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။

back to top Eng