skip to content
 
 
ရန်ကုန်၊ နို၀င်ဘာလ( ၁၄ )ရက်။
 
၂၀၁၈ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အမျိုးသားတံခွန်စိုက်အတန်းလိုက် လက်ဝှေ့ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ်(၂)နာရီက ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ဝိုင်တီစီရှိ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ် လေ့ကျင့်ရေးရုံ၊ သု၀ဏ္ဏ၌ ကျင်းပခဲ့သည်။
 
 
ရှေးဦးစွာ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်စိုး က အဖွင့်အမှာစကားပြောကြား၍ ပြိုင်ပွဲကိုဖွင့်လှစ်ပေးခဲ့သည်။ 
 
အဆိုပါပြိုင်ပွဲကို နို၀င်ဘာ(၁၄)ရက်မှ (၁၇)ရက်အထိ ကျင်းပမှာဖြစ်ပြီး ပြိုင်ပွဲအမျိုးအစား  အမျိုးသား(၄၉)ကီလိုတန်း၊ (၅၂)ကီလိုတန်း၊ (၅၆)ကီလိုတန်း၊ (၆၀)ကီလိုတန်း၊ (၆၄)ကီလိုတန်း၊ (၆၉)ကီလိုတန်း၊ (၇၅)ကီလိုတန်း၊ (၈၁)ကီလိုတန်း အမျိုးသား(၈)တန်းနှင့် အမျိုးသမီး (၄၆)ကီလိုတန်း၊ (၄၈)ကီလိုတန်း၊ (၅၁)ကီလိုတန်း၊ (၅၄)ကီလိုတန်း၊ (၅၇)ကီလိုတန်း၊ (၆၀)ကီလိုတန်း၊ (၆၃)ကီလိုတန်း အမျိုးသမီး(၇)တန်း၊ ပြိုင်ပွဲ၀င်အမျိုးသား(၃၅)ဦး၊ အမျိုးသမီး(၁၃)ဦး ကလပ်အသင်းပေါင်း(၁၀)သင်းသည် နေ့စဉ်(၂)နာရီမှ ပွဲပေါင်း(၁၂)ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ မည်သူမဆို ၀င်ရောက်ကြည့်ရှုအားပေးနိုင်ကြောင်းသိရှိရသည်။
 

back to top Eng