skip to content
 
ပဲခူး၊ ဒီဇင်ဘာ (၁) ရက်။
 
ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်၍ ဒီဇင်ဘာလ(၁)ရက်နေ့ နံနက်(၅:၃၀)နာရီအချိန်က ပဲခူးမြို့၌ ၂၀၁၈ခုနှစ် လူထုအားကစားလတွင် တတိယပတ် စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပပြုလုပ်သည်။
 
အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲသို့ လွှတ်တော်ဥက္ကဌဦးခင်မောင်ရင်၊ ဒုတိယဥက္ကဌဦးကြည်ဇင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှုးကြီးလှမျိုးရွှေ၊ ဥပဒေချုပ်ဦးအုန်းမြင့်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင် တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ပဲခူးတက္ကသိုလ်မှ ဆရာ/မများနှင့် ကျောင်းသား/သူများ၊ အခြေခံပညာကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သူနာပြုသင်တန်းကျောင်းမှသင်တန်းသူများ၊ စက်ရုံ အလုပ်ရုံလုပ်သားများ၊ ရပ်ကွက်နေပြည်သူများပါဝင်ကာ စုစုပေါင်းအင်အား(၂၂၇၄၃)ဦးကျော်တက်ရောက်ကာ ရွှေမော်ဓော်ဘုရားလမ်း၊ ရှင်စောပုလမ်းနှင့်သနပ်ပင်လမ်းများသို့ လမ်းလျှောက်ကြပြီး ရွှေမော်ဓောဘုရားအနောက်ဖက်မုခ်ယာဉ်ရပ်နားကွင်းတွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အတွဲ(၁)(၂)တို့ကိုစုပေါင်းလုပ်ကြသည်။
 
 
 
"ပဲခူးတိုင်းဒေသကြီးလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ယခင်နှစ်များက ဒီဇင်ဘာလတွင် အပတ်စဉ် စနေနေ့များ၌ ကျင်းပပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် ပြည်သူတစ်ရပ်လုံး အားကစားလှုပ်ရှားမှု ပိုမိုဆောင်ရွက်နိုင်ရေးအတွက် နိုဝင်ဘာလ၏ စနေနေ့များဖြစ်သော(၁၇/၂၄)ရက်နေ့များတွင်လည်းကောင်း၊ ဒီဇင်ဘာလ၏ စနေနေ့များဖြစ်သော (၁/ ၈/ ၁၅/ ၂၂/ ၂၉)ရက်နေ့များတွင်လည်းကောင်း သက်ဆိုင်ရာမြို့နယ်အလိုက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း" ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှုး ဦးစိုးနိုင်က ပြောကြားကြောင်းသိရသည်။

back to top Eng