Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂၀၁၈ခုနှစ် (၂၄)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် (အေရိုးဗစ်)ပြိုင်ပွဲ၊ ဖွင့်ပွဲအခမ်းအနားကျင်းပ
ရန်ကုန်၊ နို၀င်ဘာလ( ၄ )ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် ၂၀၁၈ခုနှစ် (၂၄)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် အေရိုးဗစ်ပြိုင်ပွဲ၊ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သု၀ဏ္ဏ၌ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန် တက်ရောက်အမှာစကားပြောကြားခဲ့သည်။
အခမ်းအနားသို့ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအုပ်ကြီ းညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် နာယက ဒေါ်နန်းအေးခိုင်နှင့်နာယကအဖွဲ့၀င်များ ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်လေး၊ ဒုတိယဥက္ကဋ္ဌများနှင့် အမှုဆောင်အဖွဲ့၀င်များ၊ စင်ကာပူနိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှား နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှအမျိုးသမီးအားကစားကော်မတီမှ ကိုယ်စားလှယ်များ၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အုပ်ချုပ်/နည်းပြ ဆရာမများ၊ ပြိုင်ပွဲ၀င်အားကစားသမားများ တက်ရောက်ကြသည်။
ရှေးဦးစွာကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန် မှ အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု အေရိုးဗစ်ပြိုင်ပွဲကို ကျင်းပခဲ့တာ (၂၄)ကြိမ်မြောက်ရောက်ရှိလာပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲကို ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကတော့ မြန်မာ့အားကစားအဆင့်အတန်းမြင့်မားရေးနှင့် အမျိုးသမီးမျိုးဆက်သစ် အားကစားသမားပေါ်ထွက်လာနိုင်ရေး၊ အေရိုးဗစ်အားကစားနည်းဟာ အားကစားနည်းအားလုံးရဲ့ အခြေခံအားကစားနည်းဖြစ်တာကြောင့် တစ်ဦးချင်းရော အဖွဲ့လိုက်ပါ အထောက်အကူပြုပစ္စည်း ကိရိယာမလိုဘဲ လူရဲ့ခန္ဓာကိုယ်သာလှုပ်ရှားနိုင်တဲ့ အားကစားနည်းဖြစ်လို့ လူအများကျန်းမာရေးအတွက် သာမာန်ချိန်မှာ လေ့ကျင့်ကစားနိုင်တဲ့ အားကစားနည်းဖြစ်တာကို တွေ့ရမှာဖြစ်ပါကြောင်း၊ ဒါကြောင့် ဒီအားကစားနည်းကို မြန်မာနိုင်ငံတစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် လေ့ကျင့်ကစားကြမယ်ဆိုရင် '' တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး''ကို အထောက်အကူပြုမှာဖြစ်ပြီး ပြည်သူတစ်ရပ်လုံး ပါ၀င်လှုပ်ရှားကစားနိုင်တဲ့ လူထုအားကစားအသွင် ဖော်ဆောင်နိုင်တယ်ဆိုတာကိုလည်းတွေ့ရမှာဖြစ်ပါကြောင်း၊ အဖွဲ့ချုပ်အနေဖြင့်လည်း မြန်မာနိုင်ငံတစ်ဝှ
မ်းလုံး လူထုလှုပ်ရှားမှုအသွင်ဖြင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် ပါ၀င်လှုပ်ရှားကစားနိုင်အောင် မြန်မာ့ရုပ်မြင့်သံမှ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းများကို နေ့စဉ်ထုတ်လွှင့်ပြသပြီး စည်းရုံးလှုံ့ဆော်လျက်ရှိပါကြောင်း၊ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းများဟာ ဂီတသံစဉ် စည်းချက်နှင့်အညီ လှုပ်ရှားကစားရပြီး လူ့ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အစိတ်အပိုင်း အကြောအဆစ်များ ပျော့ပြောင်းစေတဲ့အပြင် သွေးလည်ပတ်မှုနှင့် အသက်ရှုမှုကို ပိုမိုကောင်းမွန်အောင် မြင့်တင်အားပေးတဲ့ သွေးပူလေ့ကျင့်ခန်းဖြစ်တာမို့ လူတိုင်းနေ့စဉ်မပျက်မကွက် ကစားသင့်တဲ့ အားကစားနည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်ဆောင်ပုဒ်ဖြစ်တဲ့ ''အမျိုးသမီးထုကြံ့ခိုင်မှုဖြင့် ကမ္ဘာ့အဆင့်မီတက်လှမ်းမည်'' ဆိုတဲ့အတိုင်း နိုင်ငံတကာအားကစားပြိုင်ပွဲများမှာ နိုင်ငံတော်ရဲ့ဂုဏ်ကိုမြှင့်တင်ပေးနိုင်မယ့် အားကစားလူရည်ချွန်များစဉ်ဆက်မပြတ်ပေါ်ထွက်နိုင်ရေးကို အထောက်အကူပြု အားပေးကူညီဆောင်ရွက်ပေးနေတဲ့အနေနဲ့ ယခုလို အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲကို နှစ်စဉ်မပျက်မကွက် ကျင်းပပေးနေရခြင်းဖြစ်ပါကြောင်းဖြင့် ပြောကြားသွားသည်။
ထို့နောက် ပြိုင်ပွဲ၀င်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်များ ရွတ်ဆိုကြပြီး၊ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ် နာယက ဒေါ်နန်းအေးခိုင်နှင့်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်လေးတို့မှ ပြိုင်ပွဲ၀င်အသင်းများအား အမှတ်တရ Trophy
များပေး၍အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်သို့အလှူငွေများကို Sponsorအလှူရှင်များမှ စုစုပေါင်းလှူဒါန်းငွေကျပ်(၁၀၃)သိန်းအားလှူဒါန်းရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ
၀န်ကြီး ဒေါက်တာမြလေးစိန်၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်နာယက ဒေါ်နန်းအေးခိုင်၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်လေးတို့မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ အားအသီးသီး ပြန်လည်ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြိုင်ပွဲ၀င်အားကစားသမားများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာသွားပြီး မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ တိုက်ကွမ်ဒိုအားကစားနည်း သရုပ်ပြ၍လည်းကောင်း၊ Yangon PowerHome မှ (MyanmarFitnessDence)ဖြင့်လည်းကောင်း၊ ပုလဲကျန်းမာရေးအဖွဲ့
နှင့်
Real Fitness DencerS Zumba Dence
ဖြင့် အသီးသီးသရုပ်ပြကြသည်။
အဆိုပါပြိုင်ပွဲအား တိုင်းဒေသကြီးနှင့်ပြည်နယ်မှ (၁၅)သင်း၊ အုပ်ချုပ်/နည်းပြ ကစားသမား စုစုပေါင်း(၃၆၂)ဦးတို့သည် နို၀င်ဘာလ(၄)မှ (၇)ရက်နေ့အထိယှဉ်ပြိုင်မှာဖြစ်ပြီး မည်သူမဆို
အခမဲ့
၀င်ရောက်ကြည့်ရှုအားပေးနိုင်ပါကြောင်းသိရှိရသည်။
27 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display