skip to content

နေပြည်တော်၊ ဖေဖော်ဝါရီလ(၁၂)ရက်။

၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်သော (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်ရှိ ၀န်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ၏  ခေါင်းအုံးရိုက်၊ ဂုန်နီအိတ်စွပ်၊ မီတာ(၁၀၀၊ ၂၀၀) ကျား/မ၊ သုံးချောင်းထောက် (ကျား/မ)၊  ထုပ်ဆီးတိုး (အမျိုးသမီး)၊ လွန်ဆွဲ (အမျိုးသား/ အမျိုးသမီး) ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲများအား ယနေ့နံနက်(၇)နာရီခွဲ အချိန်မှစ၍ နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားလေ့ကျင့်ရေးကွင်း အမှတ်(၁)နှင့်(၂)တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရာထူး၀န် အဖွဲ့၀င်ဒေါက်တာဦးပွားနှင့် ဦး၀င်းမော်၊  ပြည်ထောင်စုရာထူး၀န်အဖွဲ့ အမြဲတမ်းအတွင်း၀န်ဦးခင်မောင်၀င်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ပြည်သူ့လွှတ်တော် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန့်အေးအေးကြည်၊ ပြည်ထောင်စုလွှတ်တော် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သီသီလွင်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာ၀န်ရှိသူများ၊ ၀န်ကြီးဌာနအသီးသီးမှ အရာထမ်း၊ အမှုထမ်းများ လာရောက်ကြည့်ရှု အားပေးကြသည်။

ရှေးဦးစွာ  နေပြည်တော် ၀ဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်းအမှတ် (၂)တွင် ကျင်းပပြုလုပ်သော အမျိုးသားလွန်ဆွဲပြိုင်ပွဲ တတိယနေရာလုပွဲအဖြစ် ပညာရေး၀န်ကြီးဌာန အသင်းနှင့် ပြည်ထဲရေး၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ  ပြည်ထဲရေး၀န်ကြီးဌာန အသင်းမှ (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ပြည်သူ့လွှတ်တော်နှင့် စီမံ/ဘဏ္ဍာ၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ စီမံ/ဘဏ္ဍာ၀န်ကြီးဌာနအသင်းမှ (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊

ဆက်လက်၍ ထုပ်ဆီးတိုးပြိုင်ပွဲ ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားရာ အမျိုးသမီးပွဲစဉ်တွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းနှင့် ပြည်သူ့လွှတ်တော်အသင်းတို့ ယှဉ်ပြိုင်ကစား ရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းမှ အနိုင်ရဗိုလ်စွဲသွားပါသည်။

ဆက်လက်၍ လွန်ဆွဲပြိုင်ပွဲဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားရာ အမျိုးသမီးပွဲစဉ်တွင် ပြည်ထောင်စုရာထူး၀န်အသင်းနှင့် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ပြည်ထောင်စုရာထူး၀န်အသင်းမှ (၂) ပွဲ (၁)ပွဲဖြင့် လည်းကောင်း၊ အမျိုးသားပွဲစဉ်တွင် ပြည်ထောင်စုရာထူး၀န်အသင်းနှင့် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စုရာထူး၀န်အသင်းမှ (၂)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရဗိုလ်စွဲသွားသည်။

ဆက်လက်ပြီး မီတာ(၁၀၀) ကျား/မပြိုင်ပွဲ၊ မီတာ(၂၀၀) ကျား/မ ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ် ကျား/မ ပြိုင်ပွဲ၊ သုံးချောင်းထောက် ကျား/မ ပြိုင်ပွဲများကို လေ့ကျင့်ရေးကွင်း (၁)တွင် ကျင်းပပြုလုပ်ပါသည်။

ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရာထူး၀န် အဖွဲ့၀င် ဒေါက်တာဦးပွားနှင့် ဦး၀င်းမော်၊  ပြည်ထောင်စုရာထူး၀န်အဖွဲ့ အမြဲတမ်းအတွင်း၀န် ဦးခင်မောင်၀င်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ပြည်သူ့လွှတ်တော် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန့်အေးအေးကြည်၊ ပြည်ထောင်စု လွှတ်တော် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သီသီလွင်တို့မှ ပြိုင်ပွဲတွင်ဆုရရှိသော ကစားသမားများအား ဆုများချီးမြှင့်ရာ ထုပ်ဆီးတိုးပြိုင်ပွဲတွင် ပထမဆု (၇) သိန်း၊ ဒုတိယဆု (၅) သိန်း၊ တတိယဆု(၃) သိန်း၊ လွန်ဆွဲပြိုင်ပွဲတွင် ပထမဆု (၇) သိန်း၊ ဒုတိယဆု (၅) သိန်း၊ တတိယဆု (၃) သိန်း၊မီတာ(၁၀၀၊ ၂၀၀) ကျား/မ၊ ဂုန်နီအိတ်စွတ်(ကျား/မ)၊ သုံးချောင်းထောက် ပြိုင်ပွဲများတွင် ပထမဆု သုံးသောင်း၊ ဒုတိယဆု နှစ်သောင်း၊ တတိယဆု တစ်သောင်းဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆုပေးပွဲအပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာ၀န်ရှိသူများသည် ပညာရေး၀န်ကြီးဌာနမှ ဦးစီးကျင်းပပြုလုပ်သော တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကျောင်းပေါင်းစုံ ပြေးခုန်ပစ် ပြိုင်ပွဲ (လူရွေးပွဲ)အား ဆက်လက်ကြည့်ရှု့အားပေးကာ ကျား မီတာ(၁၁၀) ၊ မ မီတာ(၁၀၀) ၊မ (၁၀)ကီလိုလမ်းလျှောက်၊ ကျား မီတာ(၄၀၀)တန်းကျော်ပြေး၊ မ မီတာ(၁၅၀၀) ပြိုင်ပွဲများတွင် ဆုရရှိသော ကစားသမားများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။


back to top Eng