Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂၀၁၈ ခုနှစ် ၊ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲ ဆက်လက်ကျင်းပ
နေပြည်တော်၊ ဒီဇင်ဘာ (၁၄)ရက်။
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂၀၁၈ခုနှစ်၊ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များအားကစားပြိုင်ပွဲကို ယနေ့နံနက်(၇:၀၀)နာရီအချိန်မှစ၍ နေပြည်တော် ၀ဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားကွင်း/အားကစားရုံအသီးသီး၌ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ အဆင်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်း၀င်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံလှေလှော်အားကစားအဖွဲ့ချုပ် ဥက္ကဌ ဦးသောင်းထိုက်မင်း၊ မြန်မာနိုင်ငံ စားပွဲတင်တင်းနစ် အဖွဲ့ချုပ် ဥက္ကဌ ဦးကျော်ကျော်၊ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဥက္ကဌ ဦးကိုကို၀င်း၊ ပြိုင်ပွဲကျင်းပရေးကော်မတီအဖွဲ့၀င်များ၊ ဖိတ်ကြားထားသောဧည့်သည့်တော်များ၊ အားကစား၀ါသနာရှင် မိဘပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ပါသည်။
ဘော်လီဘောအားကစားရုံတွင် အမျိုးသားဘော်လီဘောပြိုင်ပွဲ တတိယလုပွဲစဉ်ကိုယှဉ်ပြိုင်ရာ မြန်မာအသင်းမှ အင်ဒိုနီးရှားအသင်းကို ရမှတ် (၂၅-၁၉၊ ၂၅-၂၁၊ ၂၂-၂၅၊ ၂၅-၂၁) (၃)ပွဲ(၁)ပွဲ ဖြင့် အနိုင်ရရှိခဲ့ပါသည်။ ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကိုကျင်းပပြုလုပ်ရာ ပထမ ဖိလစ်ပိုင်အသင်း၊ ဒုတိယ ထိုင်းအသင်း၊ တတိယ မြန်မာအသင်းတို့အား
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်နှင့် တာ၀န်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
စားပွဲတင်တင်းနစ်အားကစားရုံတွင် စားပွဲတင်တင်းနစ်ပြိုင်ပွဲများဖြစ်သော အမျိုးသား/အမျိုးသမီး (၂)ယောက်တွဲပြိုင်ပွဲ၊ အမျိုးသား(၂)ယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီး(၂)ယောက်တွဲပြိုင်ပွဲများကို ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲများအပြီးဆုပေးပွဲကို ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်နှင့်တာ၀န်ရှိသူများ ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ရေကူးအားကစားရုံတွင် အမျိုးသား/အမျိုးသမီးမီတာ(၅၀)အလွတ်တန်းပြိုင်ပွဲ၊ အမျိုးသားမီတာ(၁၀၀)ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ(၄၀၀)တစ်ဦးချင်း(၄)မျိုးကူးပြိုင်ပွဲ၊ အမျိုးသားမီတာ (၄ထ၂၀၀)လက်ဆင့်ကမ်းအလွတ်တန်းပြိုင်ပွဲ၊ မီတာ(၁၀၀) အမျိုးသား/အမျိုးသမီး လက်ပစ်ကူးပြိုင်ပွဲများကိုယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲများအပြီးဆုပေးပွဲကိုကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်နှင့်တာ၀န်ရှိသူများ ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ငလိုက်ဆည်တွင် လှေလှော်ပြိုင်ပွဲကျင်းပရာ ရိုးရာလှေအမျိုးသမီး (၁၀)တက်လှော် မီတာ၁၀၀၀ ပြိုင်ပွဲတွင် မြန်မာအသင်းမှ ပထမ၊ ထိုင်းအသင်းမှ ဒုတိယ၊ စင်ကာပူအသင်းမှ တတိယကိုလည်းကောင်း ရရှိခဲ့ပြီး ပြိုင်ပွဲများအပြီးဆုပေးပွဲကိုကျင်းပပြုလုပ်ရာ အဆင်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်း၀င်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်တို့မှ ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ပိုက်ကျော်ခြင်းအားကစားရုံတွင် အမျိုးသား(၂)ယောက်တွဲအသင်းလိုက်ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲကိုယှဉ်ပြိုင်ရာ မြန်မာအသင်းမှ လာအိုအသင်းကို (၂)ပွဲ(၁)ပွဲဖြင့် အနိုင်ရရှိခဲ့ပါသည်။ ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပထမ ထိုင်းအသင်း၊ ဒုတိယ မြန်မာအသင်း၊ တတိယ လာအိုအသင်းတို့အား
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်တို့မှ ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။
၀ဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ပြေးခုန်ပစ်ပြိုင်ပွဲကိုကျင်းပပြုလုပ်ရာ အမျိုးသမီး သံပြားဝိုင်းပစ်ပြိုင်ပွဲတွင်Choo Kang Ni
(မလေးရှား)မှ ပထမ၊
Tresna Puspita Justi Ayu
(အင်ဒိုနီးရှား)မှ ဒုတိယ၊ မာမာစန်း (မြန်မာ)မှ တတိယကိုရရှိခဲ့ပါသည်။
ကြက်တောင် အားကစားရုံတွင် အမျိုးသမီးတစ်ဦးချင်း ဆီမီးဖိုင်နယ်ပြိုင်ပွဲတွင် သက်ထားသူဇာ(မြန်မာ)မှ ပြိုင်ပွဲတွင် ခါးနာဒဏ်ရာကြောင့် ပြိုင်ပွဲအား ဆက်လက်မပြိုင်နိုင်တော့ဘဲ တစ်ဖက် မလေးရှားအသင်းမှ အနိုင်ရရှိခဲ့ပါသည်။
မြို့တော်ဂေါက်ကွင်းတွင် အမျိုးသား/အမျိုးသမီး ဂေါက်သီးရိုက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ရာ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် (၂)ရက်ပေါင်း ရိုက်ချက်ဖြင့် ဧကရီ၀င်းထွန်း(မြန်မာ)မှ ရိုက်ချက်(၁၄၅)ဖြင့်အဆင့်(၁)နေရာတွင်လည်းကောင်း၊ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် လှိုင်မင်းထက်(မြန်မာ)မှ ရိုက်ချက်(၁၄၂)ဖြင့် အဆင့်(၂)နေရာတွင်လည်းကောင်း၊ အမျိုးသား/အမျိုးသမီး အသင်းလိုက်ပြိုင်ပွဲတွင် မြန်မာမှ တတိယနေရာဖြင့် ဆက်လက်ယှဉ်ပြိုင်လျက်ရှိပါသည်။
ဆက်လက်၍ မြားပစ်ပြိုင်ပွဲ၊ ပီတန်းပြိုင်ပွဲ၊ ဘက်စကတ်ဘောပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲများကို သက်ဆိုင်ရာ အားကစားကွင်း/အားကစားရုံ အသီးသီးတို့တွင် ဆက်လက်ယှဉ်ပြိုင် ကစားလျက်ရှိကြောင်း သိရှိရပါသည်။
ယနေ့ညနေပိုင်းအထိပြိုင်ပွဲများတွင် မြန်မာအသင်းမှ ရွှေတံဆိပ်(၁၀)ခု၊ ငွေတံဆိပ်(၁၀)ခု၊ ကြေးတံဆိပ်(၁၅)ခု ဖြင့် အသီးသီးရရှိထားကြောင်း သတင်းရရှိပါသည်။
10 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display