skip to content

ရန်ကုန်၊ ဒီဇင်ဘာလ(၂၈)ရက်။       

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနသည် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံး တစ်မျိုးသားလုံး အမျိုးသားအားကစားစိတ်ဓါတ်အပြည့်အဝဖြင့် ပြည်သူလူထုတစ်ရပ်လုံးလှုပ်ရှား ပါဝင်ဆင်နွှဲစေရန်ရည်ရွယ်၍ ဒီဇင်ဘာလူထုအားကစားလ စတုတ္ထပတ်နောက်ဆုံး လူထုစုပေါင်းလမ်းလျှောက်ပွဲ ကို ယနေ့နံနက်(၅)နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး မြို့မကျောင်းလမ်း နှင့် စကားဝါလမ်းဆုံမှ စတင် တာထွက်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်း၊ လွှတ်တော်ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်း ဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး  ဦးအောင်မိုးနှင့် (အား/ကာ)ခရိုင်/မြို့နယ် အရာရှိများ၊ ဖိတ်ကြားထားသူများ၊ မြို့နယ်ပေါင်းစုံမှ ပြည်သူလူထုများ၊ အခြေခံပညာကျောင်းမှ ကျောင်းသား/ ကျောင်းသူများ၊  အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား/ကျောင်းသူများ၊ အ.ထ.က (၂) စမ်းချောင်းမှ ဘင်ခရာနှင့်ပန်းပွားအက ကျောင်းသူလေးများနှင့်အတူ တပျော်တပါး စုပေါင်းလမ်းလျှောက်ပွဲကို ပါဝင်ဆင်နွှဲခဲ့ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက သေနတ်ပစ်ဖောက်၍ စတင်တာလွှတ်ပေးခဲ့ရာ စုပေါင်းလမ်းလျှောက်ပွဲကို မြို့မကျောင်းလမ်း စကားဝါလမ်းဆုံမှ စတင်တာထွက်ကာ အလုံလမ်းမှ ဦးဝိစာရအဝိုင်းပတ်၍ ဦးဝိစာရလမ်းအတိုင်းမှအနောက် ရွှေဂုံတိုင်လမ်းအတိုင်း ဗဟန်းဘောလုံးကွင်းသို့ ပြန်လည်ပန်းဝင်ကာ မြို့နယ်အလိုက် လူဦးရေငါးသောင်းခန့် ပြည်သူများက စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးအစီအစဉ် အတွဲအမှတ်(၁/၂) တို့နှင့် Myanmar Fitness Dance  အကလေ့ကျင့်ခန်းများပြုလုပ်ပြီး လမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲခဲ့ကြသည်။

 


back to top Eng