skip to content

ရန်ကုန်၊ သြဂုတ်လ (၂၆)ရက်။

၂၀၁၉ခုနှစ်၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် တံခွန်စိုက်ဖလား အမျိုးသား/အမျိုးသမီးအလွတ်တန်း ဘတ်စကက်ဘောပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို  ယနေ့နေ့လည် (၂)နာရီခွဲ အချိန်က ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ အောင်ဆန်းအားကစားပြိုင်၀င်းရှိ မိုးလုံလေလုံအားကစား ရုံတွင် ကျင်းပခဲ့သည်။
ပြိုင်ပွဲအပြီးတွင် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြင့်သိန်း၊ ဦးမောင်မောင်မြင့်၊ အတွင်းရေးမှူး ဦးကျော်ကျော်၀င်းနှင့် အမှုဆောင်များက အမျိုးသမီးအလွတ်တန်း ဘတ်စကက်ဘောပြိုင်ပွဲတွင် ပထမဆုရရှိသော ပြည်ထဲရေးအသင်း၊ ဒုတိယဆုရရှိသော Western Park အသင်းနှင့် တတိယဆုရရှိသော လယ်ဆည်အသင်းတို့အား တစ်ဦးချင်းဆုနှင့်အတူ ငွေသားဆုများ ပေးအပ်ချီးမြှင့်၍ လည်းကောင်း၊ အမျိုးသားအလွတ်တန်းဘတ်စကက်ဘောပြိုင်ပွဲတွင် ပထမဆုရရှိသော IHEE အသင်း၊ ဒုတိယဆု ရရှိသော ပြည်ထဲရေးအသင်းနှင့် တတိယဆုရရှိသော SAN  PAR OO  အသင်းတို့အား တစ်ဦးချင်းဆုနှင့်အတူ ငွေသားဆုများ ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ အမျိုးသမီးအလွတ်တန်း အကောင်းဆုံး အားကစားသမားဆုကို ကျောနံပါတ် (၁၃) ထက်မြက်လင်း(ပြည်ထဲရေး)အသင်းနှင့် အမျိုးသားအလွတ်တန်း အကောင်းဆုံးအားကစားသမားဆုရ ကျောနံပါတ်(၄) ချင်းတ (IHEE) အသင်းတို့အား ဆုဖလားနှင့် အတူငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ကြပြီး မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်နာယက အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂိ ဒေါက်တာဒေါ်နီနီက အမျိုးသမီးအလွတ်တန်းပြိုင်ပွဲတွင် ပထမရရှိသွားသော ပြည်ထဲရေးအသင်းနှင့် အမျိုးသားအလွတ်တန်းပြိုင်ပွဲတွင် ပထမရရှိသွားသော (IHEE) အသင်းတို့အား တံခွန်စိုက် ဆုဖလားကို ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
 


back to top Eng