skip to content

ရန်ကုန်၊ သြဂုတ်လ(၂၇)ရက်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် သြဂုတ်လ(၂၇)ရက်မှ စက်တင်ဘာ (၂)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် အာရှသက်ငယ်တန်း အားကစားပြိုင်ပွဲ (၂၀၁၉)သို့ ၀င်ရောက် ယှဉ်ပြိုင်ရန် အဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ဒုတိယအဖွဲ့ခေါင်းဆောင် ရခိုင်ပြည်နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်စောမြ၊ အသင်းအုပ်ချုပ်သူ ၊ နည်းပြနှင့်အားကစားသမား အဖွဲ့၀င်စုစုပေါင်း(၂၂)ဦးတို့သည် ယမန်နေ့ည(၉)နာရီ(၄၅)မိနစ် အချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားရာ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ ဒုတိယကျောင်းအုပ်ကြီး ဦးကျော်မင်းသန်း နှင့် သက်ဆိုင်ရာအားကစား အဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

 

အဆိုပါပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် ကြက်တောင်အားကစားသမား(၆)ဦး၊ စားပွဲတင် တင်းနစ်အားကစားသမား(၆)ဦး၊ မသန်စွမ်းကြက်တောင်အားကစားသမား(၁)ဦးနှင့် မသန်စွမ်း စားပွဲတင်တင်းနစ်အားကစားသမား(၁)ဦး တို့ ဖြစ်ကြကြောင်းသိရှိရသည်။
 


back to top Eng