skip to content
 
နေပြည်တော်၊ ဇူလိုင်(၃၁)ရက်။
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသော  ၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီအချိန်တွင် နေပြည်တော် လယ်ဝေးအားကစားကွင်း ဂျူဒိုခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ တာ၀န်ရှိသူများ၊ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။
 
 
 
ယနေ့ပြိုင်ပွဲပွဲစဉ်များအဖြစ် အမျိုးသား(-၆၀)ကီလိုတန်း၊ အမျိုးသား(-၈၁)ကီလိုတန်း၊ အမျိုးသမီး(-၅၇)ကီလိုတန်း၊ အမျိုးသမီး(-၆၃)ကီလိုတန်း၊ အမျိုးသမီး(-၇၀)ကီလိုတန်း၊ အမျိုးသမီး(-၇၁)ကီလိုတန်း၊ အမျိုးသမီး(+၇၈)ကီလိုတန်း၊ အမျိုးသား (+၁၀၀)ကီလိုတန်း၊ အမျိုးသမီး(-၇၈)ကီလိုတန်းပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြသည်။
 
အဆိုပါ ၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲများကို (၃၁.၇.၂၀၁၉)ရက်နေ့မှ (၂.၈.၂၀၁၉)ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဂျူဒိုအားကစားနည်းကို စိတ်ပါ၀င်စားသူများအနေဖြင့် နေပြည်တော် လယ်ဝေးအားကစားကွင်း ဂျူဒိုအားကစားခန်းမတွင်လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိသည်။
 

back to top Eng