နေပြည်တော်၊ အောက်တိုဘာ (၂)ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-၁၈ ပြေးခုန်ပစ်ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များကို ယနေ့နံနက်(၆)နာရီခွဲအချိန်မှစတင်၍ ၀ဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ ကျန်မာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်မှတာ၀န်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မီတာ(၅၀၀၀) လမ်းလျှောက်(မ)၊ မီတာ(၈၀၀)အပြေး (ကျား/မ)၊ တုတ်ထောက်ခုန်(မ)၊ မီတာ(၄၀၀) တန်းကျော်ပြေး(ကျား/မ)၊ ကြိုးတပ်သံလုံးပစ်(ကျား)၊ မီတာ(၁၀၀) အပြေး(ကျား/မ)၊ လှံတန်ပစ်(ကျား)၊ တန်းမြင့်ခုန်(ကျား)၊ မီတာ(၁၀၀)အပြေး (ကျား/မ)၊ မီတာ(၄၀၀) တန်းကျော်ပြေး (ကျား/မ)၊ အလျားခုန်(မ)၊ မီတာ(၂၀၀၀) တားဆီးကျော်ပြေး(ကျား/မ)၊ မီတာ(၈၀၀) အပြေး(ကျား/မ) ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြပါသည်။
ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ အမျိုးသမီး တုတ်ထောက်ခုန် ပြိုင်ပွဲတွင် ပထမ နဒီလှိုင်း(ကချင်)၊ ဒုတိယ ဇင်မျိုးမျိုးသန့် (ဧရာ၀တီ)၊ တတိယ မေဖြိုးပြည့် (ဧရာ၀တီ)တို့အား မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ခင်မှလည်းကောင်း၊ အမျိုးသမီး မီတာ(၂၀၀၀) တားဆီးကျော်ပြေးပြိုင်ပွဲတွင် ပထမ မိုးမိုးလှိုင်(ဧရာ၀တီ)၊ ဒုတိယ ယမင်းစိုး (ရှမ်း)၊ တတိယ ယွန်းရွှေရည်၀င်း(ကယား)၊ အမျိုးသမီး အလျားခုန် ပထမ အေမီနွေး(တနင်္သာရီ)၊ ဒုတိယ အိအိဖြိုး(ဧရာ၀တီ)၊ တတိယ သက်သက်မွန်(မကွေး)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှလည်းကောင်း၊ အမျိုးသား မီတာ(၂၀၀၀) တာဆီးကျော်ပြေး ပြိုင်ပွဲတွင် ပထမ ဟန်ဇော်ထွန်း(ရှမ်း)၊ ဒုတိယ ရဲလင်းအောင်(ကယား)၊ တတိယ ထက်ဝေယံ(ရှမ်း)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှလည်းကောင်း၊ အမျိုးသား လှံတန်ပစ် ပြိုင်ပွဲတွင် ပထမ ရန်မျိုးနိုင်(စစ်ကိုင်း)၊ ဒုတိယ ကျော်ထက်အောင်(မကွေး)၊ တတိယ ထက်ကိုကိုဦး (ပဲခူး)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှလည်းကောင်း၊ အမျိုးသမီး မီတာ(၁၀၀)အပြေးပြိုင်ပွဲတွင် ပထမ မေမြတ်နိုး(ပဲခူး)၊ ဒုတိယ ကေဇင်ဖြိုး(တနင်္သာရီ)၊ တတိယ ဒေးမြာ(ကယား)၊ အမျိုးသား မီတာ (၁၀၀) အပြေးပြိုင်ပွဲတွင် ပထမ ထက်ရှိုင်းအောင်မွန်(မွန်)၊ ဒုတိယ ကျော်ရှိန်း(မန္တလေး)၊ တတိယ ဟိန်းကျော်(မန္တလေး)တို့အား ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်မှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ အမျိုးသမီး မီတာ(၅၀၀၀)လမ်းလျှောက်ပြိုင်ပွဲတွင် ပထမ ပန်းအိဖြူ (စစ်ကိုင်း)၊ ဒုတိယ သဲနုအောင်(ရှမ်း)၊ တတိယ ထက်ထက်ခိုင်(ကယား)၊ အမျိုးသား မီတာ(၈၀၀)အပြေးပြိုင်ပွဲတွင် ပထမ ဟိန်းဆက်စိုး(တနင်္သာရီ)၊ ဒုတိယ ထွန်းလင်းဇော်(မွန်)၊ တတိယ စိုင်းအိုက်ဟန်မှိုင်း (ရှမ်း)၊ အမျိုးသမီး မီတာ (၈၀၀) အပြေးပြိုင်ပွဲတွင် ပထမ ရီးမြာ(ကယား)၊ ဒုတိယ ရူပါကျော်(ရှမ်း)၊ တတိယ ပုလဲ၀င်း (ကယား)၊ အမျိုးသား မီတာ(၄၀၀) တန်းကျော်ပြေးပြိုင်ပွဲတွင် ပထမ စိုးမိုးအောင် (မကွေး)၊ ဒုတိယ ဖြိုးသူနိုင်(စစ်ကိုင်း)၊ တတိယ ဇွဲသီဟလှိုင်(ပဲခူး)၊ အမျိုးသမီး မီတာ (၄၀၀) တန်းကျော်ပြေး ပြိုင်ပွဲတွင် မိုးကလျာစိုး(ရှမ်း)၊ သက်နှင်းမွှေး(ဧရာ၀တီ)၊ ၀င်းစန္ဒာထွန်း(ရှမ်း)၊ အမျိုးသား ကြိုးတပ်သံလုံးပစ် ပြိုင်ပွဲတွင် ပထမ စောဒီဇင်ဘာသိန်း (မကွေး)၊ ဒုတိယ ထက်ကိုကိုဦး(ပဲခူး)၊ တတိယ ထက်အောင်(စစ်ကိုင်း)၊ အမျိုးသား တန်းမြင့်ခုန် ပြိုင်ပွဲတွင် ပထမ ထက်အောင်(ဧရာ၀တီ)၊ ရာဇာဖြိုး(စစ်ကိုင်း)၊ တတိယ ကိုသန်းဇော်(မွန်)တို့အား တာ၀န်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
အမျိုးသား မီတာ(၁၀၀)အပြေးပြိုင်ပွဲတွင် ၂၀၁၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲမှ မျိုးမြင့်အောင်(ကရင်)မှရရှိခဲ့သော စံချိန် ၁၁.၂၂ စက္ကန့်ကိုကျော်လွန်၍ ယခု ပြိုင်ပွဲတွင် ထက်ရှိုင်းအောင်(မွန်)မှ စံချိန် ၁၀.၉၁ စက္ကန့်၊ ကျော်ရှိန်း(မန္တလေး)မှ စံချိန် ၁၁.၀၈ စက္ကန့်နှင့် ဟိန်းကျော်(မန္တလေး)မှ စံချိန် ၁၁.၁၁ စက္ကန့် ဖြင့် စံချိန်သစ်တင်နိုင်ခဲ့ပါသည်။
အမျိုးသမီး မီတာ(၁၀၀)အပြေးပြိုင်ပွဲတွင် ၂၀၁၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲမှ အေးမြတ်သူ(ရန်ကုန်)မှရရှိခဲ့သော စံချိန် ၁၂.၉၀ စက္ကန့်ကိုကျော်လွန်၍ ယခု ပြိုင်ပွဲတွင် မေမြတ်နိုး(ပဲခူး)မှ စံချိန် ၁၂.၄၄ စက္ကန့်၊ ကေဇင်ဖြိုး(တနင်္သာရီ)မှ စံချိန် ၁၂.၇၅ စက္ကန့် ဖြင့် စံချိန်သစ်တင်နိုင်ခဲ့ပါသည်။
အမျိုးသား တန်းမြင့်ခုန်ပြိုင်ပွဲတွင် ၂၀၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈) နှစ် အောက် ပြေးခုန်ပစ်ပြိုင်ပွဲမှ ကျော်ဇေယျ(စစ်ကိုင်း)မှရရှိခဲ့သော စံချိန် ၁.၈၁ မီတာကိုကျော်လွန်၍ ယခု ပြိုင်ပွဲတွင် ထက်အောင်(ဧရာ၀တီ)မှ စံချိန် ၁.၉၄ မီတာ၊ ရာဇာဖြိုး(စစ်ကိုင်း)မှ စံချိန် ၁.၈၅ မီတာ ဖြင့် စံချိန်သစ်တင်နိုင်ခဲ့ပါသည်။
အမျိုးသမီး မီတာ (၈၀၀)အပြေးပြိုင်ပွဲတွင် ၂၀၀၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲမှ ခင်မာဆယ်(မန္တလေး)မှရရှိခဲ့သော စံချိန် ၂:၂၇.၃၀ စက္ကန့်ကို ကျော်လွန်၍ ယခုပြိုင်ပွဲတွင် ရီးမြာ(ကယား)မှ စံချိန် ၂:၂၃.၀၃စက္ကန့်၊ ရူပါကျော်(ရှမ်း)မှ စံချန် ၂:၂၅.၂၆ စက္ကန့်ဖြင့် စံချိန်သစ်တင်နိုင်ခဲ့ပါသည်။
အမျိုးသမီး မီတာ (၅၀၀၀)လမ်းလျှောက်ပြိုင်ပွဲတွင် ၂၀၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲမှ ဇင်မေထက်(ရှမ်း)မှ ရရှိခဲ့သော စံချိန် ၂၆:၃၅.၄ စက္ကန့်ကို ကျော်လွန်၍ ယခုပြိုင်ပွဲတွင် ပန်းအိဖြူ (စစ်ကိုင်း)မှ စံချိန် ၂၅:၁၅.၂၀ စက္ကန့်ဖြင့် စံချိန်တင်နိုင်ခဲ့ပါသည်။
အဆိုပါ ၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-၁၈ ပြေးခုန်ပစ်ပြိုင်ပွဲများကို (၃.၁၀.၂၀၁၉)ရက်နေ့နောက်ဆုံးနေ့ပွဲစဉ်များအား ၀ဏ္ဏသိဒ္ဓိအားကစားကွင်းတွင် နံနက်(၆)နာရီခွဲအချိန်မှစတင်ပြီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် ပြေးခုန်ပစ် အားကစားနည်းကို စိတ်ပါ၀င်စားသော အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။