skip to content
 
နေပြည်တော် ၊ မေလ(၁၁) ရက်။ 
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်တို့ပူးပေါင်း၍ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်သော လူငယ်/လူရွယ်များဖြစ်ပေါ်လာစေရေး၊ ကြက်တောင်အားကစားနည်းကို ယခုထက်ပိုမိုတိုးတက်ဖွံ့ဖြိုးလာစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ်ထွက်ပေါ်လာစေရေးတို့အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကြက်တောင်ပြိုင်ပွဲတွင် အမျိုးသား/အမျိုးသမီး အုပ်စုပြိုင်ပွဲများအဖြစ် အသင်းလိုက်ပြိုင်ပွဲတွင် အမျိုးသား/အမျိုးသမီး တစ်ဦးချင်းပွဲစဉ်များ၊ အမျိုးသား/အမျိုးသမီး နှစ်ယောက်တွဲပွဲစဉ်များကို ယနေ့နံနက်(၉း၀၀)နာရီအချိန်မှစတင်၍ ယှဉ်ပြိုင်ကစားခဲ့ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များအသီးသီးမှ ပြိုင်ပွဲ၀င်အားကစားသမားစုစုပေါင်း(၂၁၀)ဦးတို့သည် မေလ(၁၀)ရက်နေ့မှ မေလ(၁၃)ရက်နေ့ထိ ၀ဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ နေ့စဉ်နံနက်(၉)နာရီအချိန်မှစတင်၍ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် ကြက်တောင်အားကစားနည်းကို စိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်းသိရှိရပါသည်။

back to top Eng