skip to content
 
နေပြည်တော် ၊ ဇွန်လ(၁၆) ရက်။ 
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်တို့ပူးပေါင်း၍ မျိုးဆက်သစ်စားပွဲတင်တင်းနစ်အားကစားသမားများပေါ်ထွက်လာစေရန်အတွက် ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ယနေ့နံနက်(၉း၀၀)နာရီအချိန်မှ စတင်၍ ၀ဏ္ဏသိဒ္ဓိအားကစားရုံ(c)တွင် အမျိုးသား/အမျိုးသမီးအသင်း လိုက်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားလျက်ရှိပါသည်။
 
 
အဆိုပါ ပြိုင်ပွဲ၏ နောက်ဆုံဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို (၁၇.၆.၂၀၁၉)ရက်နေ့ နံနက်(၁၁း၀၀)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားရုံ(c)၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသဖြင့် စားပွဲတင်တင်းနစ်အားကစားနည်းကို စိတ်ပါ၀င်စားသူ မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။
 

back to top Eng