skip to content
 
နေပြည်တော် ၊ ဇွန်လ(၁၄) ရက်။ 
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်တို့ပူးပေါင်း၍ မျိုးဆက်သစ်စားပွဲတင်တင်းနစ်အားကစားသမားများပေါ်ထွက်လာစေရန်အတွက် ယနေ့နံနက်(၉း၀၀)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားရုံ(c)တွင် ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ဒုတိယနေ့ကို ဆက်လက်ယှဉ်ပြိုင်ကစားကြရာ အမျိုးသား/အမျိုးသမီးနှစ်ယောက်တွဲပွဲစဉ်များတွင် ဇင်မင်းဟိန်း-နန်းဆက်၀ါ (ရန်ကုန်တိုင်းဒေသကြီးအသင်း)မှ ပထမ၊ ဟောင်းလွှမ်း-အိအိထွေး (မန္တလေးတိုင်းဒေသကြီးအသင်း)မှ ဒုတိယ၊ ဘုန်းမြတ်မင်း-ကြိုင်ကြိုင်သင်း(မန္တလေးတိုင်းဒေသကြီးအသင်း)နှင့် ကျော်၀ဏ္ဏစိုး-စန္ဒာအောင် (မွန်ပြည်နယ်အသင်း)တို့မှ ပူးတွဲတတိယကိုလည်းကောင်း၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် သက်ထက်တန်-ဘုန်းမြတ်မင်း (မန္တလေးတိုင်းဒေသကြီးအသင်း)မှ ပထမ၊ ကျော်ဆန်း-ကျော်ဇင်ဖြိုး (ကချင်ပြည်နယ်)မှ ဒုတိယ၊ ဟောင်းခေါင်-ဟောင်းလွှမ်း(မန္တလေးတိုင်းဒေသကြီးအသင်း)နှင့် ကျော်၀ဏ္ဏစိုး-ရဲလင်းထွန်း(မွန်ပြည်နယ်)တို့မှ ပူးတွဲ တတိယကိုလည်းကောင်း၊ အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲတွင် ဝေဝေအောင်-အိအိထွေး(မန္တလေးတိုင်းဒေသကြီးအသင်း)မှ ပထမ၊ နန်းဆက်၀ါ-မေခြူးခိုင်(ရန်ကုန်တိုင်း ဒေသကြီးအသင်း)မှ ဒုတိယ၊ စန္ဒာအောင်-ခိုင်ဇင်သော်(မွန်ပြည်နယ်အသင်း)နှင့် မူနှင်းငယ်ထွေး-နန်းခမ်းနောင့် (ရှမ်းပြည်နယ်)တို့မှ ပူးတွဲတတိယကိုလည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။
 
 
အဆိုပါ ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး စားပွဲတင်တင်းနစ် တစ်ယောက်ချင်းပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားလျက်ရှိပြီး စားပွဲတင်နင်းနစ်အားကစားနည်းကို စိတ်ပါ ၀င်စားသူမိဘ ပြည်သူများအနေဖြင့် ၀ဏ္ဏသိဒ္ဓိအားကစား(c)ရုံတွင် (၁၃.၆.၂၀၁၉)ရက်နေ့မှ (၁၇.၆.၂၀၁၉)ရက်နေ့ထိ နေ့စဉ် နံနက်(၉း၀၀)နာရီမှစ၍ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် စားပွဲတင်တင်းနစ်အားကစားနည်းကို စိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
 

back to top Eng