skip to content
နေပြည်တော်၊ ဇူလိုင်လ(၃)ရက်။
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ပူးပေါင်းကာ ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို  ယနေ့နံနက် (၈:၀၀)နာရီအချိန်မှ စတင်၍ ၀ဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပပြုလုပ်ရာ အမျိုးသား/အမျိုးသမီး(၃)ယောက်တွဲ အုပ်စုပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားလျှက်ရှိပါသည်။
 
 
အမျိုးသား(၃)ယောက်တွဲ ပြိုင်ပွဲများအဖြစ် မကွေးတိုင်းဒေသကြီးအသင်းမှ တနင်္သာရီတိုင်းဒေသကြီးအသင်းအား (၂:၀)ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ဧရာ၀တီတိုင်းဒေသကြီးအသင်းအား (၂:၀)ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းမှ ပဲခူးတိုင်းဒေသကြီးအသင်းအား (၂:၀)ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းမှ ရခိုင်ပြည်နယ်အသင်းအား (၂:၁)ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ချင်းပြည်နယ်အသင်းအား (၂:၀)ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းမှ ပဲခူးတိုင်းဒေသကြီးအသင်းအား (၂:၀)ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းမှ ကချင်ပြည်နယ်အသင်းအား (၂:၀)ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ စစ်ကိုင်းတိုင်းဒေသကြီး အသင်းအား(၂:၁)ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းမှ ရှမ်းပြည်နယ်အသင်းအား (၂:၀)ဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းမှ တနင်္သာရီတိုင်းဒေသကြီးအသင်းအား (၂:၀)ဖြင့်လည်းကောင်း၊ ချင်းပြည်နယ် အသင်းမှ ဧရာ၀တီတိုင်းဒေသကြီးအသင်းအား (၂:၀)ဖြင့်လည်းကောင်း  အသီးသီးအနိုင်ရရှိသွားပါသည်။
 
 
ဆက်လက်၍အမျိုးသမီး(၃)ယောက်တွဲ ပြိုင်ပွဲများအဖြစ် တနင်္သာရီတိုင်းဒေသကြီးအသင်းမှ မန္တလေးတိုင်းဒေသကြီးအသင်းအား (၂:၀)ဖြင့်လည်းကောင်း၊  စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ မွန်ပြည်နယ်အသင်းအား(၂:၀)ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ မကွေးတိုင်းဒေသကြီးအသင်းအား (၂:၀)ဖြင့်လည်းကောင်း၊ ဧရာ၀တီတိုင်းဒေသကြီးအသင်းမှ ကရင်ပြည်နယ်အသင်းအား (၂:၁)ဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။
 
အဆိုပါ ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲ (၄.၇.၂၀၁၉)ရက်နေ့ ပြိုင်ပွဲများအဖြစ် ၀ဏ္ဏသိဒ္ဓိအားကစားရုံ(A)တွင် နံနက်(၈:၀၀)နာရီမှစ၍ အမျိုးသား/အမျိုးသမီး(၃)ယောက်တွဲပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် ပိုက်ကျော်ခြင်းအားကစားနည်းကို စိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
 

back to top Eng