Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂၀၁၉ ခုနှစ်၊ နေပြည်တော် နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်လှစ်ရေးညှိနှိုင်း အစည်းဝေးကျင်းပ
နေပြည်တော်၊ ဇန်နဝါရီလ(၂၈)ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေး၀န်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်မည့် ၂၀၁၉ ခုနှစ်၊ နေပြည်တော် နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်လှစ်ရေးညှိနှိုင်းအစည်းအဝေးကို အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရုံးအမှတ်(၃၁)၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီတွင်ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းနှင့် တာ၀န်ရှိသူများ၊ ပညာရေး၀န်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးတင်မောင်၀င်းနှင့်တာ၀န်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာစာသင်ကျောင်းများမှ ကျောင်းအုပ်ဆရာကြီးများတက်ရောက်ကြပါသည်။
ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် နှစ်စဉ်နွေရာသီ အခြေခံအားကစားသင်တန်းများအား နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား/သူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ကျောင်းသားလူငယ်ထုအတွင်း အားကစားကို ဝါသနာပါပြီး အခြေခံနည်းစနစ်များကို စနစ်တကျ လေ့လာလိုက်စားတတ်စေရန်၊ ကျန်းမာကြံခိုင်ပြီးဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်ပေါ်လာစေရေးတို့ကိုရည်ရွယ်ကြောင်း၊ အဆိုပါနွေရာသီသင်တန်းမှ ထူးချွန်ထက်မြက်သောလူငယ်များ အားကစားကိုစနစ်တကျ လေ့လာလိုက်စားရင်း စဉ်ဆက်မပြတ်လေ့ကျင့်ခြင်းမှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်ပေါ်လာရေးကိုလည်း မျှော်လင့်ကြောင်း၊ နွေရာသီသင်တန်းမှတစ်ဆင့် ထူးချွန်ဝါသနာပါသော ကျောင်းသား/သူများသည် အားကစားနှင့်ကာယသိပံ္ပကျောင်းများသို့ တက်ရောက်ရန် ဆန္ဒရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် တက္ကသိုလ်၀င်တန်းကိုအောင်မြင်ပါက B.Sc(Sports)တက္ကသိုလ်ကို နိုင်ငံတော်စရိတ်ဖြင့် အခမဲ့ပညာသင်ကြားခွင့် ရရှိနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာ (၁၄)ရက်ခန့်ကြာမြင့်မည်ဖြစ်ကြောင်း၊ သင်တန်းအင်အား မလျော့နည်းစေရေး ပညာရေး၀န်ကြီးဌာနမှ ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ သင်တန်းမှ လိုအပ်သည့် အားကစားနည်းအလိုက် နည်းပြများနှင့် အားကစားအထောက်အကူပြုပစ္စည်းများ အားကစားနှင့်ကာယပညာဦးစီးဌာနအနေနှင့် ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်းပြောကြားသည်။
ဆက်လက်၍ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးတင်မောင်၀င်းမှ ပြောကြားရာတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရာတွင် အခြေခံကျကျလုပ်ဆောင်မည်ဆိုလျင် အားလုံးဟာ အခြေခံပညာကျောင်းများတွင် စတင်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အားကစားလောကဖွံ့ဖြိုးတိုးတက်လာရေး၊ နိုင်ငံတွင်းရှိ ကျောင်းသား လူငယ်ထုများ ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်လာပြီး အချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရေး၊ မူးယစ်ဆေဝါးသုံးစွဲမှု ကင်းစင်စေရေးတွင် ယခုဖွင့်လှစ်မည့် နွေရာသီအခြေခံသင်တန်းများသည် များစွာအဓိကကျပါကြောင်း၊ သို့ဖြစ်၍ သင်တန်းများ အောင်မြင်စွာဖွင့်လှစ်နိုင်ရေး အားလုံးဝိုင်း၀န်းပူးပေါင်းဆောင်ရွက်မှသာ ပိုမိုအောင်မြင်မည်ဖြစ်ပါကြောင်း၊ ပညာရေးဘက်မှ ကျောင်းများရှိ ကာယဆရာ/ဆရာမများ၏ အရည်အသွေးကို ၄င်းသင်တန်းများတွင် ထုတ်ဖော်ပြသပြီး ကိုယ်ရည်ကိုယ်သွေးကို ပိုမိုကောင်းမွန်လာအောင် လိုက်ပါစီးမျော ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ သင်တန်းအား
For Show
မဟုတ်ဘဲ တကယ် လက်တွေ့ကျကျ အောင်မြင်အောင်ဆောင်ရွက်ပြီးရရှိသည့် အရှိန်အဟုန်ကို ဆက်လက်မြှင့်တင် အကောင်အထည်ဖော်ရန်လိုအပ်ကြောင်း ပြောကြားပါသည်။
ဆက်လက်၍ လူထုအားကစားနှင့်ပညာပေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဌေးအောင်မှ သင်တန်းအား အားကစားနည်း(၈)မျိုး (ဘောလုံး၊ ဘော်လီဘော၊ တိုက်ကွမ်ဒို၊ ကရာတေးဒို၊ ပိုက်ကျော်ခြင်း၊ ဝူရှူး၊ ပြေးခုန်ပစ်၊ မြန်မာ့သိုင်း) စသည့် အားကစားနည်းများဖြင့် ရက်သတ္တပတ် (၂)ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ပါကြောင်း၊ သင်တန်းအောင်မြင်စွာဖွင့်လှစ်နိုင်ရေး အုပ်ချုပ်မှုကိစ္စရပ်များအား ဆွေးနွေးတင်ပြပါသည်။
ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာကြသော ပြည်ထောင်စုနယ်မြေ နေပြည်တော် ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးမျိုး၀င်းအောင်နှင့် မြို့နယ်ပညာရေးမှူးများမှ သင်တန်းဖွင့်လှစ်မည့် မြို့နယ်အလိုက် ကျောင်းများ၊ နည်းပြဆရာရရှိမှုအခြေအနေများ၊ သင်တန်းအမျိုးအစားများ၊ အထောက်အကူပြုပစ္စည်းကိစ္စရပ်များ၊ သင်တန်းများ ဖွင့်လှစ်နိုင်မည့်ရက် စသည်တို့ အသေးစိတ်ဆွေးနွေးညှိနှိုင်းကြရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် ပညာရေး၀န်ကြီးဌာန အခြေခံပညာဦးစီးဌာနဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးတင်မောင်၀င်းတို့ အပြန်အလှန် ဝိုင်း၀န်းဆွေးနွေးကြပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
အဆိုပါ နွေရာသီ သင်တန်းအား (၂၈.၂.၂၀၁၉)ရက်နေ့မှ (၁၃.၃.၂၀၁၉) ရက်နေ့အထိ ပြည်ထောင်စုနယ်မြေ နေပြည်တော် (၈)မြို့နယ်၌ သင်တန်းသား(၃၇၀၀)ကျော်နှင့် အားကစားနည်း(၈)မျိုး ရက်သတ္တပတ်(၂)ပတ် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရပါသည်။
13 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display