ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၉ ခုနှစ် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် အားကစားနည်း(၅၆) မျိုးမှ ရွှေတံဆိပ်(၅၂၉)ခု ချီးမြှင့်သွားမည်ဖြစ်သည်။ ဖိလစ်ပိုင် ဆီးဂိမ်း ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့က အားကစားနည်း(၃၈)မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်သည်။ ထိုအရေအတွက်မှာ အရှေ့တောင်အာရှပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်လာခဲ့သည့် သမိုင်းတလျှောက် အရေအတွက် အများဆုံးဖြစ်ပြီး မိမိတို့ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့စဉ်က အားကစားနည်း အရေအတွက်ထက်ပင် များပါသည်။
၁။ ပြေးခုန်ပစ်
၂။ ရေကူး
၃။ မြားပစ်
၄။ ကြက်တောင်
၅။ ဘတ်စကတ်ဘော
၆။ ဘိလိယက်
၇။ ဘိုးလင်း
၈။ လက်ဝှေ့
၉။ ကနူး
၁၀။ စက်ဘီး
၁၁။ ရိုးရာလှေ
၁၂။ ဂေါက်သီး
၁၃။ ဘောလုံး
၁၄။ ကျွမ်းဘား
၁၅။ ဟော်ကီ
၁၆။ ဂျူဒို
၁၇။ ကရာတေးဒို
၁၈။ အပြည်ပြည်ဆိုင်ရာလှေ
၁၉။ ရွက်လှေ
၂၀။ ပိုက်ကျော်ခြင်း
၂၁။ သေနတ်ပစ်
၂၂။ စားပွဲတင်တင်းနစ်
၂၃။ တိုက်ကွမ်ဒို
၂၄။ တင်းနစ်
၂၅။ သုံးမျိုးစုံ
၂၆။ ဘော်လီဘော
၂၇။ ဓားရေး
၂၈။ အလေးမ
၂၉။ ဝူရှူး
၃၀။ ခရစ်ကတ်
၃၁။ စစ်တုရင်
၃၂။ နပန်း
၃၃။ မွေထိုင်း
၃၄။ ပန်ကြပ်ဆီလတ်
၃၅။ ပီတန်း
၃၆။ ကာယဗလ
၃၇။ ကမ်ပို
၃၈။ ဗိုဗီနမ်