ရန်ကုန်၊ ဒီဇင်ဘာ ၂၄
ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည့် ၂၀၁၉ ကွင်းဖွင့်ဖလား (ချာရတီဖလား)ပြိုင်ပွဲကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် အောင်ဆန်းအားကစားကွင်း၌ ကျင်းပမည်ဖြစ်သည်။
ချာရတီဖလားပြိုင်ပွဲသည် အမှတ်ပေးချန်ပီယံအသင်းနှင့် ရှုံးထွက်ချန်ပီယံအသင်းတို့ ယှဉ်ပြိုင်ရခြင်းဖြစ်သော်လည်း ရန်ကုန်ယူနိုက်တက်အသင်းက ၂၀၁၈ ရာသီတွင် ပြိုင်ပွဲနှစ်ရပ်စလုံး၌ ချန်ပီယံဖြစ်ခဲ့သဖြင့် အမှတ်ပေးပြိုင်ပွဲ ဒုတိယ ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ရခြင်းဖြစ်သည်။
အဆိုပါပွဲစဉ်၏ လက်မှတ်စျေးနှုန်းများကို အထူးတန်း ငွေကျပ် ၂၀၀၀ နှင့် ရိုးရိုးတန်း ငွေကျပ် ၁၀၀၀ သတ်မှတ်ထားကာ ဖျော်ဖြေရေးအစီအစဉ်များပါ ထည့်သွင်းမည်ဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည့် ချာရတီဖလားပြိုင်ပွဲမှရရှိသည့် ကွင်း၀င်ကြေးများကို ပရဟိတကျောင်းများသို့ လှူဒါန်းမည်ဖြစ်ကြောင်းသိရသည်။
TZW, Crd:myawadynews