skip to content

နေပြည်တော်၊ ဇန်နဝါရီလ(၂၅)ရက်။      

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် သိုင်းပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၉:၀၀)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ဝန်း(A)ရုံ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် ဥက္ကဋ္ဌဦးရဲမြင့်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

ယနေ့ဗိုလ်လုပွဲပြိုင်ပွဲများအဖြစ် ဗန်တိုအတိုက်ပြိုင်ပွဲများတွင် အမျိုးသမီး၄၅-၄၉ကီလို၊ အမျိုးသား၄၅-၄၉ကီလို၊ အမျိုးသား၅၃-၅၇ကီလို၊ အမျိုးသား၅၇-၆၁ကီလို၊ အမျိုးသား၆၁-၆၅ကီ လိုပြိုင်ပွဲများကျင်းပခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲများအပြီး ဆုပေးပွဲကိုကျင်းပပြုလုပ်ရာ အမျိုးသား၄၅-၄၉ကီလို ဗန်တိုအတိုက် ပြိုင်ပွဲတွင် ပထမဆုရရှိသော လပြည့်(ရန်ကုန်)၊ ဒုတိယ ဝေယံစိုး(တနင်္သာရီ)၊ ပူးတွဲတတိယ ခန့်ကို(မန္တ‌လေး)နှင့် ပိုင်သူအိမ်စိုးဝင်း(ဧရာဝတီ)တို့အား မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်အမှု့ဆောင် ဒေါ်စန္ဒာအေးကောင်းမှလည်းကောင်း၊

အမျိုးသား၅၃-၅၇ကီလို ဗန်တိုအတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော မင်းမော်မော်(စစ်ကိုင်း)၊ ဒုတိယ သက်ဦးကျော်(ဧရာဝတီ)၊ ပူးတွဲတတိယ ကျော်ကျော်ဇင်(မကွေး)နှင့် ကျော်မော်ထက်(ရှမ်း)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးမှလည်းကောင်း၊  

အမျိုးသား၅၇-၆၁ကီလို ဗန်တိုအတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော အောင်ခန့်ဇော်(မန္တလေး)၊ ဒုတိယ သားငယ်(မွန်)၊ ပူးတွဲတတိယ အွန်မာန်(ချင်း)နှင့်မြတ်မင်းသူ(ရန်ကုန်)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်မှလည်းကောင်း၊

အမျိုးသား၆၁-၆၅ကီလို ဗန်တိုအတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော ဟန်စောဦး(စစ်ကိုင်း)၊ ဒုတိယ ဟိန်းသိန်းသိန်းလင်း(ရှမ်း)၊ ပူးတွဲတတိယ အာတောပါး(ကချင်)နှင့်ဝေယံစိုး(နေပြည်တော်)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းလတ်မှလည်းကောင်း၊      

အမျိုးသမီး၄၅-၄၉ကီလို ဗန်တိုအတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော ခင်မိုးအေး(တနင်္သာရီ)၊ ဒုတိယ မိုးပွင့်ဖြူ(မွန်)၊ ပူးတွဲတတိယ သဉ္ဇာမင်း(စစ်ကိုင်း)နှင့် ငုဝါရွှေရည်ထွန်း(ပဲခူး)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှလည်းကောင်း၊

ဆက်လက်၍ အမျိုးသမီးအကောင်းဆုံးအားကစားသမားဆုရရှိသွားသော ခင်ရတီကို(ရန်ကုန်)နှင့် အမျိုးသားအကောင်းဆုံးအားကစားသမားဆုရရှိသွားသောမန်ရှင်းပေါင်(ချင်း) ၊ရွှေ(၄)ခု၊ ငွေ(၂)ခု၊ကြေး(၅)ခုဖြင့် အမျိုးသမီးတံခွန်စိုက်ဒိုင်းဆုရရှိသော ရှမ်းပြည်နယ်အသင်းအား မြန်မာ နိုင်ငံသိုင်းအဖွဲ့ချုပ် ဥက္ကဋ္ဌဦးရဲမြင့်မှလည်းကောင်း၊

ဆက်လက်၍ ရွှေ(၆)ခု၊ငွေ(၁)ခု၊ကြေး(၂)ခုဖြင့် အမျိုးသားတံခွန်စိုက်ဒိုင်းဆုရရှိသော စစ်ကိုင်းတိုင်းဒေသကြီးအသင်းအား နယ်စပ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဇော် မှလည်းကောင်း၊

ဆက်လက်၍ ရွှေ(၈)ခု၊ငွေ(၅)ခု၊ကြေး(၉)ခုဖြင့် စွယ်စုံတံခွန်စိုက်ဒိုင်းဆုရရှိသော စစ်ကိုင်းတိုင်းဒေသကြီးအသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိသည်။

 


back to top Eng