skip to content

နေပြည်တော်၊ဇန်နဝါရီလ(၂၃)ရက်။        

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့်မြန်မာနိုင်ငံသိုင်း အဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် သိုင်းပြိုင်ပွဲကို ယနေ့ နံနက်(၉:၀၀)နာရီအချိန်တွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိ  အားကစား ဝန်းအတွင်း(A)ရုံ၌ ဆက်လက်ကျင်းပခဲ့ကြပါသည်။

ယနေ့ပြိုင်ပွဲများ ဗန်တိုအတိုက်ပြိုင်ပွဲများအဖြစ် ၄၉-၅၃ကီလို(ကျား)ကျော်နိုင်(ရှမ်း)မှ ကျော်စွာဟိန်း(တနင်္သာရီ) ကိုလည်းကောင်း၊ မန်ရှင်းပေါင်(ချင်း)မှ ကျော်မင်းခန့်(ရန်ကုန်)၊ ၄၉-၅၃ကီလို(မ)သဇင်ဝေ(တနင်္သာရီ)မှ လထော်မေရီစိုင်း(ကချင်)ကိုလည်းကောင်း၊ ခင်ရတီကို(ရန်ကုန်)မှ ခင်စန်း(ရှမ်း) ကိုလည်းကောင်း၊ ၅၃-၅၇ကီလို(ကျား) သက်ဦးကျော်(ဧရာဝတီ)မှ ကျော်ကျော်ဇင်(မကွေး)ကိုလည်းကောင်း၊ မင်းမော်မော်(စစ်ကိုင်း)မှ ကျော်မော်ထက်(ရှမ်း)ကိုလည်း ကောင်း၊ ၅၃-၅၇ ကီလို(မ) ထက်ထက်ဝင်း(တနင်္သာရီ)မှ အိရွှေဇင်(စစ်ကိုင်း) ကိုလည်းကောင်း၊  နန်းစံလော(ရှမ်း)မှ  သူဇာ(မွန်)ကိုလည်းကောင်း၊ ၅၇-၆၁ကီလို(ကျား) သားငယ်(မွန်)မှ အွမ်မာန်(ချင်း)ကိုလည်းကောင်း၊ မြတ်မင်းသူ(ရန်ကုန်)မှ အောင်ခန့်ဇော်(မန္တလေး)ကိုလည်းကောင်း၊ ၅၇-၆၁ကီလို(မ) အိအိထွေး(မန္တလေး)မှ ဇူးလဲ့နန္ဒာထွန်း(ဧရာဝတီ)ကိုလည်းကောင်း၊ ကျိန်နန်း ရှန်(စစ်ကိုင်း)မှ ဖူးမြတ်သွယ်(မကွေး)ကိုလည်းကောင်း၊ ၆၁-၆၅ကီလို (ကျား) ဟန်စောဦး (စစ်ကိုင်း)မှ အာတောပါး(ကချင်)ကိုလည်းကောင်း၊ ဟိန်းသိန်းသိန်းလင်း (ရှမ်း)မှဝေယံစိုး (နေပြည်တော်)ကိုလည်းကောင်း၊ ၆၁-၆၅ကီလို(မ) ကေသွယ်ငြိမ်း(တနင်္သာရီ)မှ စန္ဒာခိုင်(စစ်ကိုင်း) ကိုလည်းကောင်း၊ဟန်နွေးနွေးအောင်(ရန်ကုန်) မှနှင်းနန္ဒာဦး (ဧရာဝတီ) ကိုလည်းကောင်း၊ ၆၅-၆၉ကီလို(ကျား) ထက်အိမ်ရှိုင်း(ရန်ကုန်)မှ သူရိန်ကိုကို(မန္တလေး)ကိုလည်းကောင်း၊ ရဲထက်ဇော် (ရှမ်း)မှပြည့်ဖြိုးကျော်(ပဲခူး)ကိုလည်းကောင်း ဆက်လက်၍ ဓါး(၂)လက်ပြိုင်ပွဲများအဖြစ် ၄၅-၅၀ကီလို(ကျား) ကျော်ဇင်ဖြိုး (ရန်ကုန်)မှ ဇင်လင်းသန်း(ဧရာဝတီ) ကိုလည်းကောင်း၊ မျိုးထက်ဇော်(မကွေး)မှ ကျော်ဇင်ဝင်း(မန္တလေး) ကိုလည်းကောင်း၊ ၅၀-၅၅ကီလို(ကျား) ဇွဲအာကာ(ရန်ကုန်)မှ မျိုးမင်းအောင်(မကွေး)ကိုလည်းကောင်း၊ ၅၅-၆၀ကီလို(ကျား) မြတ်မင်းခန့်ကျော်(ရှမ်း)မှ ကောင်းဆက်ဝေ(ချင်း)ကိုလည်းကောင်း၊ သန်းထွန်းအောင်(ပဲခူး)မှ ဇော်ရဲနိုင်(ရန်ကုန်)ကိုလည်းကောင်း၊ ဓါးအတိုက်ပြိုင်ပွဲဓါး(၁) လက် ပြိုင်ပွဲများအဖြစ် ၅၀-၅၅ကီလို(ကျား)မျိုးမျိုး(တနင်္သာရီ)မှ သိန်းလင်းအောင်(မန္တလေး)ကိုလည်းကောင်း၊ ၄၀-၄၅ကီလို(ကျား) ဝေလင်းဖြိုး (ရန်ကုန်)မှ မျိုးမင်းကို(မန္တလေး)ကိုလည်းကောင်း ၊ အောင် မျိုးသူ(မကွေး)မှ နေမျိုးအောင်(ရှမ်း)ကိုလည်းကောင်း၊ ၄၀-၄၅ကီလို(မ) ဖြိုးအိအိကျော် (မန္တလေး)မှ ကယ်ရီလှိုင်း (ရှမ်း)ကိုလည်းကောင်း၊ ဇင်မို့မို့ထွေး(မကွေး)မှ ဇင်မာပြည့် (မွန်) ကိုလည်းကောင်း၊ ၄၅-၅၀ကီလို(ကျား) ဝဏ္ဏထွန်း(ရန်ကုန်)မှရန်နိုင်စိုး(စစ်ကိုင်း)ကိုလည်း ကောင်း၊ စည်သူအောင်(ဧရာဝတီ)မှ လှိုင်ချစ်ဦး(မန္တလေး)ကို လည်းကောင်း၊ ၄၅-၅၀ကီလို(မ)ကေ ဇင်မိုး(မန္တလေး)မှ နန်းခင်ဇော်(ရှမ်း)ကိုလည်းကောင်း၊ အင်ကြင်းမိုးပွင့်စံ(ရန်ကုန်)မှ ဆာရာဇီး(ကချင်)ကိုလည်းကောင်း၊ ၅၀-၅၅ကီလို(ကျား)ပြည့်ဖြိုးအောင်(ဧရာဝတီ)မှ ဖြိုးမင်းကို(မကွေး)ကို လည်းကောင်း၊ အောင်ကိုလတ်(ရှမ်း)မှ မျိုးမျိုး(တနင်္သာရီ)ကိုလည်းကောင်း၊ ၅၀-၅၅ကီလို (မ)မြတ်စုမွန်လှိုင်(မန္တလေး)မှ မိုးသော်တာ(ရန်ကုန်)ကိုလည်းကောင်း၊ မြတ်နိုးဝေ(စစ်ကိုင်း)မှ ကေသရီကျော်(ရှမ်း)ကိုလည်းကောင်း၊ အသီးသီးအနိုင်ရရှိကာ စွမ်းရည်ပြ အပိုင်း(၁)နည်းပညာ(၆၃) နည်းပညာ၊ အသင်းလိုက်(၁+၁)(မ+မ)၊ အသင်းလိုက်(၁+၁)(ကျား/မ)ပြိုင်ပွဲများအား  ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ကြပါ သည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲကို (၂၁.၁.၂၀၂၀)ရက်နေ့မှ (၂၅.၁.၂၀၂၀) ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဝဏ္ဏသိဒ္ဓိအားကစားကွင်း (A)ရုံတွင် နေ့စဉ်နံနက်(၉) နာရီအချိန်တွင် ပြိုင်ပွဲများကိုယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး သိုင်းအားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများ အနေဖြင့် အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိသည်။


back to top Eng