နေပြည်တော်၊ဇန်နဝါရီလ(၂၂)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့်မြန်မာနိုင်ငံသိုင်း အဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် သိုင်းပြိုင်ပွဲကို ယနေ့ နံနက်(၉:၀၀)နာရီအချိန်တွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစား ကွင်း(A)၌ ဆက်လက်ကျင်းပခဲ့ကြပါသည်။
ယနေ့ပြိုင်ပွဲများ ဗန်တိုအတိုက်ပြိုင်ပွဲများအဖြစ် ၅၇-၆၁ကီလို(ကျား)ရဲရင့်အောင်(စစ် ကိုင်း)မှ စသန်းဖြိုးဇော်(ဧရာဝတီ) ကိုလည်းကောင်း၊ ၆၁-၆၅ကီလို(ကျား) အာတောပါး (ကချင်) မှ အာကာဖြိုး(ဧရာဝတီ) ကိုလည်းကောင်း၊ ဟန်စောဦး (စစ်ကိုင်း)မှ တေဇာလင်း(မန္တလေး) ကိုလည်းကောင်း၊ဝေယံစိုး(နေပြည်တော်)မှ ထွန်းထွန်းဦး(ရန်ကုန်)ကိုလည်းကောင်း၊ ဟိန်းသိန်း သိန်းလင်း(ရှမ်း)မှ စိုးသီဟ(ပဲခူး)ကိုလည်းကောင်း၊၆၁-၆၅ ကီလို(မ) ကေသွယ်ငြိမ်း(တနင်္သာရီ)မှ လှိုင်ဖူးဝေ(မကွေး)ကိုလည်းကောင်း၊ နှင်းနန္ဒာဦး(ဧရာဝတီ)မှ ချစ်စုဝေ(ရှမ်း)ကိုလည်းကောင်း၊ ၆၅-၆၉ကီလို(ကျား) ထက်အိမ်ရှိုင်း(ရန်ကုန်)မှ ရန်နိုင်လင်း(ချင်း)ကိုလည်းကောင်း၊ ပြည့်ဖြိုး ကျော်(ပဲခူး)မှ နန်းဝင်း(မကွေး)ကိုလည်းကောင်း၊ ၆၉ကီလိုအထက် (ကျား) ပြည့်ဖြိုးအောင်(ရှမ်း) မှ ကိုကိုမောင်(ရန်ကုန်) ကိုလည်းကောင်း၊ ၄၅-၄၉ကီလို (ကျား) ပိုင်သူအိမ်စိုးဝင်း(ဧရာဝတီ)မှ ပြည့်စံဖြိုး(မွန်) ကိုလည်းကောင်း၊ ၄၅-၄၉ကီလို(မ)ခင်မိုးအေး (တနင်္သာရီ)မှ သဉ္ဇာမင်း(စစ်ကိုင်း) ကိုလည်းကောင်း၊ ၄၉-၅၃ကီလို(ကျား)မန်ရှင်းပေါင်(ချင်း)မှ တင့်နိုင်ဝေ(မွန်)ကိုလည်းကောင်း၊ ၅၃-၅၇ကီလို(ကျား) သက်ဦးကျော်(ဧရာဝတီ)မှ ထန်းခေါဂေ(ချင်း)ကိုလည်းကောင်း၊ မင်းမော် မော်(စစ်ကိုင်း)မှ စောနိုင်ဝင်းထူး(ပဲခူး)ကိုလည်းကောင်း၊ ၅၇-၆၁ ကီလို(ကျား)အွမ်မန်(ချင်း)မှ တင့်ဇော်ဖြိုး(တနင်္သာရီ)ကိုလည်းကောင်း၊ အောင်ခန့်ဇော်(မန္တလေး)မှ ရဲရင့်အောင်(စစ်ကိုင်း)ကို လည်းကောင်း၊ ၄၅-၄၉ကီလို(ကျား) ဝေယံစိုး(တနင်္သာရီ)မှ ခန့်ကို(မန္တလေး)ကိုလည်းကောင်း၊ လပြည့်(ရန်ကုန်)မှ ပိုင်သူအိမ်စိုးဝင်း(ဧရာဝတီ)ကိုလည်းကောင်း၊ ၄၅-၄၉ကီလို(မ) မိုးပွင့်ဖြူ(မွန်) မှ ငုဝါရွှေရည်ထွန်း(ပဲခူး)ကိုလည်းကောင်း၊
ဆက်လက်၍ ဓါးအတိုက်ပြိုင်ပွဲ ဓါး(၂)လက်ပြိုင်ပွဲများအဖြစ် ၄၅-၅၀ကီလို(ကျား) ကျော်ဇင်ဖြိုး(ရန်ကုန်)မှ အောင်ဗိုဗိုထွန်း (ရခိုင်)ကိုလည်းကောင်း၊ ဇင်လင်းသန်း (ဧရာဝတီ) မှငြိမ်းချမ်း(မွန်)ကိုလည်းကောင်း၊ ကျော်ဇင်ဝင်း (မန္တလေး)မှအောင်မျိုးဝင်း (စစ်ကိုင်း) ကို လည်းကောင်း၊မျိုးထက်ဇော်(မကွေး)မှဖိုးလုံး(ရှမ်း)ကိုလည်းကောင်း၊၄၅-၅၀ကီလို(မ) ရွှေဇင်ခိုင် (ရန်ကုန်)မှစုပို(မန္တလေး)ကိုလည်းကောင်း၊ ယဉ်ယဉ်နု(စစ်ကိုင်း)မှ မြင့်မြင့်ဌေး(မကွေး)ကိုလည်း ကောင်း၊ ဇာနည်ဖြိုး(ရှမ်း)မှ နှင်းသက်ဖူးဝေ(ဧရာဝတီ)ကိုလည်းကောင်း၊ ၅၀-၅၅ကီလို(ကျား) ဥက္ကာဖြိုး(မန္တလေး)မှလှမျိုး(ဧရာဝတီ) ကိုလည်းကောင်း၊ အံ့ဖွယ်ငြိမ်း(ရှမ်း)မှ ဟန်မျိုးထွန်း (စစ် ကိုင်း)ကိုလည်းကောင်း၊စည်သူအောင်(ကချင်)မှစည်သူမင်းခန့်(နေပြည်တော်) ကိုလည်းကောင်း၊ မျိုးမင်းအောင်(မကွေး)မှ နိုင်ထွေး(ပဲခူး) ကိုလည်းကောင်း၊၅၀-၅၅ကီလို(မ) ကြည်အေး (ရှမ်း)မှ သက်စုအေး(ရခိုင်) ကိုလည်းကောင်း၊ ခိုင်သဇင်(မကွေး)မှ ရွှေအိဖြူ(စစ်ကိုင်း) ကိုလည်းကောင်း၊ ၅၅-၆၀ကီလို(ကျား)ဇော်မျိုးထက်(ဧရာဝတီ)မှ မင်းခန့်(ကချင်) ကိုလည်းကောင်း၊ မြတ်မင်းခန့် ကျော်(ရှမ်း) မှ ချစ်ကိုကို(စစ်ကိုင်း) ကိုလည်းကောင်း၊ ဝေလင်းထွန်း(မကွေး) မှကောင်းမြတ်စံ (မန္တလေး)ကိုလည်းကောင်း၊ ဇော်ရဲနိုင်(ရန်ကုန်)မှ မွန်းဆက်အောင်(မွန်) ကိုလည်းကောင်း၊ ဓါး အတိုက် ဓါး(၁)လက်ပြိုင်ပွဲတွင် ၄၀-၄၅ကီလို(မ)ဇင်မို့ထွေး(မကွေး)မှ ဖြူနှင်းသူ(ဧရာဝတီ)ကို လည်းကောင်း၊၄၅-၅၀ကီလို(ကျား) လှိုင်ချစ်ဦး(မန္တလေး)မှ ဝဏ္ဏမိုးကျော်(ပဲခူး)ကိုလည်းကောင်း ၊ ၅၀-၅၅ကီလို(ကျား) ဖြိုးမင်းကို(မကွေး)မှ ရှင်းသန့်မောင်(ရန်ကုန်) ကိုလည်းကောင်း အသီးသီး အနိုင်ရရှိကာ စွမ်းဆောင်ရည်(တစ်ကိုယ်တော်) လက်ထောက်နည်းပြအဆင့်ဓါး(၂)လက်၊ တုတ် ရှည် (ကျား/မ) ပြိုင်ပွဲ များအား ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲကို (၂၁.၁.၂၀၂၀)ရက်နေ့မှ (၂၅.၁.၂၀၂၀) ရက်နေ့အထိယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဝဏ္ဏသိဒ္ဓိအားကစားကွင်း(A)ရုံတွင် နေ့စဉ်နံနက်(၉) နာရီအချိန်တွင် ပြိုင်ပွဲများကိုယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး သိုင်းအားကစားနည်းကို စိတ်ပါ ဝင်စားသော မိဘပြည်သူများ အနေဖြင့်အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိသည်။