skip to content

 

မိုင်းပန် ၂၀ ဇူလိုင်


ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ မြို့နယ်အားကစားကွင်းအတွင်း၌ ယနေ့ နံနက် ၈ နာရီတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် မြို့နယ်ပညာရေးမှူးဖလား အသက် (၁၁)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ပြိုင်ပွဲဝင်အသင်း (၈)သင်းမှ အားကစားသမားများမှ မြို့နယ်ပညာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့အား ချီတက်အလေးပြု၍ ကွင်းအတွင်း နေရာယူကြပြီးနောက် မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကား ပြောကြားကာ အားကစားသမားများမှ အားကစားသစ္စာ အဓိဌာန်ရွတ်ဆိုခဲ့ကြသည်။

 

 


ထို့နောက် အဖွင့်ပွဲစဉ်အဖြစ် အ.လ.က (ခွဲ) မြို့မအသင်းနှင့် ဝိုးလိုင်းကျောင်း မိသားစုအသင်းတို့မှ စတင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သတင်းရရှိသည်။


ကိုဆန်း (မိုင်းပန်)


back to top Eng