နေပြည်တော်၊ ဇန်နဝါရီလ(၁၄)ရက်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသော ၂၀၂၀ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၂၅)နှစ်အောက် ပြေးခုန်ပစ် ပြိုင်ပွဲကို ယနေ့နေ့လည် (၃)နာရီအချိန်၌ ဝဏ္ဏသိဒိ္ဓအားကစားပြိုင်ကွင်း၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
ယနေ့ပြိုင်ပွဲများအဖြစ် ကီလိုမီတာ(၂၀)လမ်းလျှောက်(ကျား)၊ သံပြားဝိုင်းပစ် (ကျား)၊ မီတာ (၈၀၀) (ကျား/မ)၊ မီတာ (၁၀၀) တန်းကျော်ပြေး (မ-၇မျိုးစုံ) ၊ သံပြား ဝိုင်းပစ် (ကျား-၁၀မျိုးစုံ)၊ သံလုံးပစ် (မ)၊ တန်းမြင့်ခုန် (မ-၇မျိုးစုံ)၊ တုတ်ထောက်ခုန် (ကျား-၁၀မျိုးစုံ)၊ မီတာ (၂၀၀) (ကျား/မ)၊ သံလုံးပစ် (မ-၇မျိုးစုံ)၊ အလျားခုန် (ကျား)၊ မီတာ (၁၁၀)တန်းကျော်ပြေး(ကျား)၊ မီတာ (၁၀၀)တန်ကျော်ပြေး(မ)၊ လှံတံပစ် (ကျား-၁၀မျိုးစုံ)၊ မီတာ (၁၀၀၀၀) (ကျား)၊ မီတာ (၂၀၀) (မ-၇မျိုးစုံ)၊ မီတာ (၁၅၀၀) (ကျား-၁၀မျိုးစုံ)၊ မီတာ (၄၀၀ x ၄) လက်ဆင့်ကမ်း (ကျား/မ)ပြိုင်ပွဲများ ကျင်းပခဲ့ပါသည်။
ပြိုင်ပွဲအပြီး ဆုပေးပွဲကို ကျင်းပပြုလုပ်ရာ အမျိုးသား ကီလိုမီတာ (၂၀) လမ်းလျှောက်ပြိုင်ပွဲတွင် ပထမ စည်သူအောင် (ရှမ်းပြည်နယ်)၊ ဒုတိယ စလင်းထက်အောင် (ဧရာဝတီ)၊ တတိယ ဇွဲမာန်ထူး (ပဲခူး)မှ လည်းကောင်း၊ အမျိုးသား သံပြားဝိုင်ပစ်ပြိုင်ပွဲတွင် ပထမ ထက်ဝေယံ (ရှမ်း)၊ ဒုတိယ ရှိုင်းမိုးအောင် (ရန်ကုန်)၊ တတိယ အောင်ထက်မြတ် (စစ်ကိုင်း)တို့အား အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှလည်းကောင်း၊ အမျိုးသမီး သံလုံးပစ်ပြိုင်ပွဲတွင် ပထမ ဂျေမီလီအေး (ကချင်)၊ ဒုတိယ အေးချမ်းဗိုလ် (ပဲခူး)၊ တတိယ သင်းသင်းစိုး (မန္တလေး) တို့အား ကချင်ပြည်နယ်အသင်း အုပ်ချုပ်သူ ဒေါ်ယုယုလှိုင်မှလည်းကောင်း၊ အမျိုးသား မီတာ (၁၁၀)တန်ကျော်ပြေးပြိုင်ပွဲတွင် ပထမ အာဆန်းဖာ (ရှမ်း)၊ ဒုတိယ နိုင်လင်းအောင် (ရန်ကုန်)၊ ဇွဲထက်နိုင် (ရန်ကုန်)တို့အား အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှလည်းကောင်း၊ အမျိုးသမီး မီတာ (၁၀၀)တန်ကျော်ပြေး ပြိုင်ပွဲတွင် ပထမ အိသက်လွင် (ဧရာဝတီ)၊ ဒုတိယ နှင်းဝေရီ (မန္တလေး)၊ တတိယ ဝင်းစန္ဒာထွန်း (ရှမ်း)တို့အား အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှလည်းကောင်း၊ အမျိုးသား အလျားခုန်ပြိုင်ပွဲ၊ (အမျိုးသား/အမျိုးသမီး) မီတာ ၂၀၀ ပြိုင်ပွဲ၊ (အမျိုးသား/အမျိုးသမီး) မီတာ ၈၀၀ ပြိုင်ပွဲ၊ အမျိုးသားမီတာ (၁၀၀၀၀)၊ အမျိုးသား (၁၀)မျိုးစုံပြိုင်ပွဲ၊ (အမျိုးသား/အမျိုးသမီး) မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်းပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများမှ ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ၂၀၂၀ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများကို (၁၃.၁.၂၀၂၀)ရက်နေ့မှ (၁၆.၁.၂၀၂၀)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် နေ့စဉ် ညနေ (၃)နာရီအချိန်မှစတင်ပြီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် ပြေးခုန်ပစ်အားကစားနည်းကို စိတ်ပါဝင်စားသော အားကစား ဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သတင်းရရှိသည်။