နေပြည်တော်၊ ဇန်နဝါရီလ (၃) ရက်။
၂၀၂၀ပြည့်နှစ်၊ (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ၀န်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကို ယနေ့နံနက်(၈)နာရီခွဲအချိန်မှ စတင်၍ ယှဉ်ပြိုင် ကစားကြရာ ၀ဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၁)နှင့် (၂)ကြားတွင် လွန်ဆွဲအားကစား (အမျိုးသား) ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များအဖြစ် ကာကွယ်ရေး ၀န်ကြီးဌာနအသင်းနှင့် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေး၀န်ကြီးဌာနအသင်းမှလည်းကောင်း၊ ပြည်ထောင်စု ရာထူး၀န်အသင်းနှင့် လျှပ်စစ်နှင့် စွမ်းအင်၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စုရာထူး၀န်အ သင်းမှ လည်းကောင်း၊ (အမျိုးသမီး) ပွဲစဉ်များ အဖြစ် ကာကွယ်ရေး၀န်ကြီးဌာနအသင်းနှင့် ပြည်ထောင်စုရာထူး၀န်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေး၀န်ကြီးဌာနအသင်းမှလည်းကောင်း၊ ကျန်းမာရေး နှင့်အားကစား၀န်ကြီးဌာနအသင်းနှင့် သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေး နှင့်အားကစား၀န်ကြီးဌာနအသင်းမှ လည်းကောင်း အသီးသီး အနိုင်ရရှိသွားပါသည်။ဆက်လက်၍ ၀ဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၁)နှင့် (၂)ကြားတွင် ထုပ်ဆီးထိုး(အမျိုးသမီး) ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ပြည်သူ့လွှတ်တော်အသင်းနှင့် ပညာရေး၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်သူ့လွှတ်တော်အသင်းမှလည်းကောင်း၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းနှင့် ပြည်ထောင်စုလွှတ်တော်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းမှ လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။
ဆက်လက်၍ TC-1 တွင် ယှဉ်ပြိုင်ကစားသော ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပြည်ထဲရေး၀န်ကြီးဌာနအသင်းနှင့် ကာကွယ်ရေး ၀န်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေး၀န်ကြီးဌာနအသင်းမှလည်းကောင်း အနိုင်ရရှိခဲ့ပါသည်။ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ််းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှ စတုတ္ထဆု ရရှိသော လျှပ်စစ်နှင့် စွမ်းအင်၀န်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ ဆက်လက်၍ ပြည်ထဲရေး၀န်ကြီးဌာန၊ ရဲထောက်ချုပ်၊ ရဲမှူးချုပ် ဇော်ခင်အောင်မှ တတိယဆုရရှိသော ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို လည်းကောင်း၊ ဆက်လက်၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ ဒုတိယဆုရရှိသော ကာကွယ်ရေး၀န်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ ဆက်လက်၍ ကာကွယ်ရေး၀န်ကြီးဌာန၊ ဗိုလ်ချုပ်ဇင်မင်းထက်မှ ပထမဆုရရှိသော ပြည်ထဲရေး ၀န်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း အသီးသီးပေးအပ် ချီး မြှင့်ခဲ့ပါသည်။
ဆက်လက်၍ ဖူဆယ်အားကစားရုံတွင် တတိယလုပွဲ ပွဲစဉ်အဖြစ် ယနေ့နံနက်(၉)နာရီ အချိန်မှစတင်၍ နေပြည်တော်စည်ပင်အသင်းနှင့် လူမှု၀န်ထမ်း ကယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ နေပြည်တော်စည်ပင်အသင်းမှ (၄)ဂိုး (၃)ဂိုးဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ် အဖြစ် ပြည်ထဲရေး၀န်ကြီးဌာနအသင်းနှင့် လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေး၀န်ကြီးဌာနအသင်းမှ (၅)ဂိုး (၂)ဂိုးဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ပါသည်။
ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်စိုးမှ စတုတ္ထဆုရရှိသော လူမှု၀န်ထမ်းကယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး၀န်ကြီးဌာနအသင်းအား ငွေသားဆုများကိုလည်းကောင်း၊ ဆက်လက်၍ လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာ၀ဓါတ်ငွေ့လုပ်ငန်း ညွှန်ကြားရေးမှူး ဦးကရင်နော်အောင်မှ တတိယဆုရရှိသော နေပြည်တော်စည်ပင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ ဒုတိယဆု ရရှိသော လျှပ်စစ်နှင့် စွမ်းအင်၀န်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို လည်းကောင်း၊ ဆက်လက်၍ ပြည်ထဲရေး၀န်ကြီးဌာန၊ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူမှ ပထမဆုရရှိသော ပြည်ထဲရေး၀န်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ပါသည်။ဆက်လက်၍ ၀ဏ္ဏသိဒ္ဓိအားကစားရုံ(C)တွင် ဘော်လီဘော(အမျိုးသား) တတိယလုပွဲ ပွဲစဉ်အဖြစ် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းနှင့် လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစား ကြရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းမှ (၂၅-၁၅)မှတ်၊ (၂၅-၉)မှတ်၊ (၂၃-၁၅)မှတ် ဖြင့် လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ကာကွယ်ရေး၀န်ကြီးဌာနအသင်းနှင့် ပြည်ထဲရေး၀န်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေး၀န်ကြီးဌာနအသင်းမှ (၂၅-၁၃)မှတ်၊ (၂၅-၁၉)မှတ်၊ (၂၅-၁၈) မှတ်ဖြင့် လည်းကောင်း၊ (အမျိုးသမီး) ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ကာကွယ်ရေး၀န်ကြီးဌာနအသင်းနှင့် ပြည်ထဲရေး ၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေး၀န်ကြီးဌာနအသင်းမှ (၂၅-၉)မှတ်၊ (၂၅-၈)မှတ်၊ (၂၅-၁၃) မှတ်ဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပါသည်။
ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲ တွင် အကောင်းဆုံးစပေးဘောဆု ရရှိသော ကျောနံပါတ်(၁၈) ဇူးဇူူးမောင် (ပြည်ထဲရေး၀န်ကြီးဌာနအသင်း)၊ အကောင်းဆုံးပင့်ထောင်ဆု ရရှိသော ကျောနံပါတ်(၁) အေးအေး၀င်း (ကာကွယ်ရေး၀န်ကြီးဌာနအသင်း)၊ အကောင်းဆုံးရိုက်ခုတ်ဆု ရရှိသော ကျောနံပါတ်(၁၇) အေးနန္ဒာမြင့် (ပြည်ထဲရေး၀န်ကြီးဌာနအသင်း)၊ အကောင်းဆုံးပိတ်ဆို့ဆု ရရှိသော ကျောနံပါတ်(၉) ချောရတနာ၀င်း (ကာကွယ်ရေး၀န်ကြီးဌာနအသင်း)၊ အကောင်းဆုံးခုခံဆယ်မဆု ရရှိသော ကျောနံပါတ်(၄) စောသန္တာ (ကာကွယ်ရေး၀န်ကြီးဌာနအသင်း)၊ အကောင်းဆုံးဘော်လီဘော (အမျိုးသမီး)အားကစားသမားဆု ရရှိသော ကျောနံပါတ်(၇) နန့်စန္ဒာမိုး (ကာကွယ်ရေး၀န်ကြီးဌာနအသင်း) တို့အား မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ် အတွင်းရေးမှူး ဦးညီညီ လွင်မှ လည်းကောင်း၊ဆက်လက်၍ ဘော်လီဘော(အမျိုးသား) ပြိုင်ပွဲတွင် အကောင်းဆုံးစပေးဘောဆု ရရှိသော ကျောနံပါတ်(၃) ရဲစည်သူ (ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်း)၊ အကောင်းဆုံးပင့်ထောင်ဆု ရရှိသော ကျောနံပါတ်(၂) ခင်မောင်တိုး (ကာကွယ်ရေး၀န်ကြီးဌာနအသင်း)၊ အကောင်းဆုံးရိုက်ခုတ်ဆု ရရှိသော ကျောနံပါတ်(၇) တင်စိုးသူ (ပြည်ထဲရေး၀န်ကြီးဌာနအသင်း)၊ အကောင်းဆုံးပိတ်ဆို့ဆု ရရှိသော ကျောနံပါတ်(၆) ကျော်ဇေယျ (ကာကွယ်ရေး၀န်ကြီးဌာနအသင်း)၊ အကောင်းဆုံးခုခံဆယ်မဆု ရရှိသော ကျောနံပါတ်(၁၈) ကျော်ခိုင်စိုး (ပြည်ထဲရေး၀န်ကြီးဌာနအသင်း)၊ အကောင်းဆုံး ဘော်လီဘော (အမျိုးသား) အားကစားသမားဆု ရရှိသော ကျောနံပါတ်(၉) လှိုငေ်၀ကျော် (ကာကွယ်ရေး၀န်ကြီးဌာနအသင်း) တို့အား အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်စိုးမှှလည်းကောင်း၊ ဆက်လက်၍ ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲတွင် တတိယဆုရရှိသော ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာနအသင်းနှင့် ဒုတိယဆုရရှိသော ပြည်ထဲရေး၀န်ကြီးဌာနအသင်းတို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ ဆက်လက်၍ ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲတွင် ပထမဆုရရှိသော ကာကွယ်ရေး၀န်ကြီးဌာန အသင်းအား ကာကွယ်ရေး၀န်ကြီးဌာန၊ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်ဇင်မင်းထက်မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ ဆက်လက်၍ ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲတွင် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှ စတုတ္ထဆုရရှိသော လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးဌာနအသင်းအား ငွေသားဆုများနှင့် တတိယဆုရရှိသော ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသား ဆုများကို လည်းကောင်း၊ ဆက်လက်၍ ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ပြည်ထဲရေး၀န်ကြီးဌာန အသင်းအား အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို လည်းကောင်း၊ ဆက်လက်၍ ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲတွင် ပထမဆုရရှိသော ကာကွယ်ရေး၀န်ကြီးဌာနအသင်းအား ကာကွယ်ရေး၀န်ကြီးဌာန၊ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်ဇင်မင်းထက်မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှှင့်ခဲ့ပါသည်။