skip to content

နေပြည်တော်၊ဒီဇင်ဘာ(၈)ရက်။ 

ဖိလစ်ပိုင်နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၁၉ခုနှစ် (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံအသီးသီး၌ ကျင်းပပြုလုပ်ရာ ယနေ့နံနက် ဒေသစံတော်ချိန် (၆)နာရီခွဲအချိန်တွင် New Clark Athletics Stadiumတွင် ကျင်းပပြုလုပ်သည့် အမျိုးသမီး မီတာ(၁၀၀၀၀) လမ်းလျှောက်ပြိုင်ပွဲတွင် မြန်မာမှ သန်းသန်းစိုးက  ငွေတံဆိပ်(၁)ခု၊ အမျိုးသမီး မီတာ(၁၀၀၀၀)ပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်တွင် ဇင်မာချို က အဆင့်(၆)နေရာ၊ ဝှားမေက အဆင့်(၇) နေရာရရှိခဲ့ပါသည်။    
ဆက်လက်၍ CDC Parade Grounds, Clark City ၌ ကျင်းပသည့် မြားပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲများကိုကျင်းပရာ အမျိုးသမီးအသင်းလိုက် Recurve  ဗိုလ်လုပွဲ ပြိုင်ပွဲတွင် မြန်မာမှ သီတာနွယ်၊ ပြည့်စုံနှင်း၊ ယမင်းသူတို့အတွဲက ဗီယက်နမ်အသင်းကို (၆)မှတ် (၂)မှတ်ဖြင့် ရှုံးနိမ့်ကာ ငွေတံဆိပ်(၁)ခု ရရှိခဲ့ပြီး၊ ပထမ ဗီယက်နမ်၊ တတိယ အင်ဒိုနီးရှားအသင်းတို့ကလည်းကောင်း၊ (အမျိုးသား/အမျိုးသမီး) Mixed Recurve Team တတိယနေရာလုပွဲတွင် မလေးရှားအသင်းကို ရှုံးနိမ့်၍လည်းကောင်း၊ (အမျိုးသမီး) တစ်ဦးချင်းအသင်းလိုက် Recurve  ပြိုင်ပွဲတွင် မြန်မာမှ သီတာနွယ်က ဗီယက်နမ်ကို  (၉)မှတ် (၈)မှတ်ဖြင့် အနိုင်ရရှိပြီး ကြေးတံဆိပ်(၁)ခု၊ (အမျိုးသမီး တစ်ဦး ချင်း) Recurve ဗိုလ်လုပွဲ ပြိုင်ပွဲတွင် မြန်မာမှ ပြည့်စုံနှင်းက ဗီယက်နမ်ကို (၆)မှတ် (၄)မှတ််ဖြင့် ရှုံးနိမ့်ပြီး ငွေတံဆိပ်(၁)ခုကို လည်းကောင်း၊  (အမျိုးသမီးတစ်ဦးချင်း)Recurve တတိယ နေရာလုပွဲတွင် မြန်မာမှ နေလင်းဦးက အင်ဒိုနီးရှားကို (၆)မှတ် (၀)မှတ််ဖြင့် ရှုံးနိမ့်သွား၍ လည်းကောင်း၊  (အမျိုးသား တစ်ဦးချင်း) Recurve ဗိုလ်လုပွဲ ပြိုင်ပွဲတွင် မြန်မာက ထိုက်လင်းဦးက အင်ဒိုနီးရှားကို (၆)မှတ် (၄)မှတ််ဖြင့် ရှုံးနိမ့်ပြီး ငွေတံဆိပ်(၁)ခုကိုလည်းကောင်း အသီးသီးရရှိသွားပါသည်။

ဆက်လက်၍ New Clark City Aquatics Center (Clark) တွင် ကျင်းပသော ရေကူးပြိုင်ပွဲ အမျိုးသား မီတာ(၁၀၀)Free Style ဖိုင်နယ်ပွဲစဉ်တွင် မြန်မာမှ ၀င်းထိုက်ဦးက အဆင့်  (၅)နေရာသာ ရရှိခဲ့ပါသည်။
အဆိုပါ ပြိုင်ပွဲများသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော  ဦးထွန်းမြင့်ဦး၊ ဦးကျော်ဦး၊ မြန်မာအားကစားအဖွဲ့ ဒုတိယခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ အာရှမြားပစ်အဖွဲ့ချုပ်မှ တာ၀န်ရှိသူများ၊ ဖိလစ်ပိုင်မြားပစ်အဖွဲ့ချုပ်မှ တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးတောက်ထွန်းနှင့် တာ၀န်ရှိသူများသည် ပြိုင်ပွဲများကြည့်ရှုအားပေးကာ ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ ဆက်လက်၍Subic မြို့Malawaan Parkတွင် ကျင်းပသည့် လှေလှော်ပြိုင်ပွဲ မီတာ(၁၀၀၀) အမျိုးသား/အမျိုးသမီး (၂၂)တက်လှော်ပြိုင်ပွဲတွင် မြန်မာမှ ကြေးတံဆိပ် (၁)ခု၊ ရိုးရာလှေ မီတာ(၅၀၀) အမျိုးသားလေးတက်လှော်ပြိိုင်ပွဲတွင် မြန်မာမှ ငွေတံဆိပ်(၁)ခု၊ အပြည်ပြည်ဆိုင်ရာလှေပြိိုင်ပွဲ အမျိုးသမီး နှစ်တက်လှော်ပွဲစဉ်တွင် မြန်မာမှ ရွှေဇင်လတ်နှင့် နီလာ၀င်းတို့အတွဲမှ ကြေးတံဆိပ်(၁)ခု ထပ်မံ ရရှိခဲ့ပါသည်။
ဆက်လက်၍World Trade Center Halls A, B & C၌ ကျင်းပပြုလုပ်သည့် ကရာတေးအားကစားပြိုင်ပွဲ (၅၅)ကီလိုတန်း ပွဲစဉ်တွင် မြန်မာမှ မိုးပြာသည် မလေးရှားကိုလည်းကောင်း၊ (၆၁)ကီလိုတန်းပွဲစဉ်တွင် မြန်မာမှ အေပရယ်ဖောသည် အိမ်ရှင်ဖိလစ်ပိုင်ကိုလည်းကောင်း၊ (၆၀)ကီလို တန်းပွဲစဉ်တွင် မြန်မာမှ မြင့်မောင်မောင်ဟိန်းသည် ဗီယက်နမ်ကိုလည်းကောင်း ရှုံးနိမ့်ခဲ့ပါသည်။

ဆက်လက်၍ Rizal Memorial Sports Complex Court-1 တွင် ယှဉ်ပြိုင်ကစားသည့် တိုက်ကွမ်ဒိုအားကစားပြိုင်ပွဲ (၅၇)ကီလိုတန်း ကွာတားဖိုင်နယ်ပွဲစဉ်တွင် မြန်မာမှ နန်းသုန္ဒရီကောင်းသည် တီမောကိုလည်းကောင်း၊ (၆၈)ကီလိုတန်း ကွာတားဖိုင်နယ်ပွဲစဉ်တွင် မြန်မာမှ အောင်စည်သူသည် ထိုင်းကိုလည်းကောင်း ရှုံးနိမ့်ခဲ့ပါသည်။
ဆက်လက်၍ Manila Hotel Tent ၌ ကျင်းပပြုလုပ်သော အမျိုးသား(တစ်ဦးချင်း) ဘိလိယက်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မြန်မာနှင့်ဗီယက်နမ်တို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာမှ နေသွေးဦးက(၃)ပွဲပြတ်ဖြင့်အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားပါသည်။    
ဆက်လက်၍ Philsports Area ၌ ကျင်းပပြုလုပ်သော ဘော်လီဘောပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းသည်  (၂၅-၁၉)မှတ်၊ (၂၅-၂၃)မှတ်၊ (၂၅-၁၅)မှတ်ဖြင့်လည်းကောင်း ရှုံးနိမ့်ခဲ့ပါသည်။

ဆက်လက်၍Rizal Memorial Stadium ကွင်း၌ ကျင်းပသည့် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲ ပွဲစဉ်အဖြစ် ဒေသစံတော်ချိန်(၄)နာရီအချိန်၊ မြန်မာစံတော်ချိန် မွန်းလွဲ(၂) နာရီခွဲအချိန်တွင် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းနှင့် အိမ်ရှင်ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားရာ  မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းမှ (၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိကာ ကြေးတံဆိပ်(၁)ခုကို ရရှိခဲ့ပါသည်။
အဆိုပါ ပြိုင်ပွဲများသို့ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးနှင့် တာ၀န်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးလျက်ရှိပါသည်။
ယနေ့အထိ ဆုတံဆိပ်ရရှိမှုမှာ ရွှေ(၃)ခု၊ ငွေ(၁၆)ခု၊ ကြေး(၃၈)ခု ရရှိပြီး မြန်မာနိုင်ငံအနေဖြင့် အဆင့်(၇)နေရာတွင် ရပ်တည်နေကြောင်း သိရှိရပါသည်။

 


back to top Eng