ရန်ကုန်၊ နို၀င်ဘာလ(၂၁)ရက်။
ဖိလစ်ပိုင်နိုင်ငံတွင်နို၀င်ဘာလ(၃၀)ရက်နေ့မှ ဒီဇင်ဘာလ(၁၁)ရက်နေ့ အထိကျင်းပပြုလုပ်မည့် (၃၀)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်မှ လက်ရွေးစင်အားကစားသမားများနှင့် အသင်းအုပ်ချုပ်သူနည်းပြများသည် ယမန်နေ့ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားရာ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်မှ တာ၀န်ရှိပုဂ္ဂိုလ်များ ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။