skip to content

ရန်ကုန်၊ နို၀င်ဘာလ(၃၀)ရက်။        

ဖိလစ်ပိုင်နိုင်ငံတွင်နို၀င်ဘာလ(၃၀)ရက်နေ့မှ ဒီဇင်ဘာလ(၁၁)ရက်နေ့ အထိကျင်းပပြုလုပ်မည့် (၃၀)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၀င်ရောက် ယှဉ်ပြိုင်ရန်  သေနတ်ပစ်အားကစားအဖွဲ့မှ (၅)ဦး၊ မြန်မာနိုင်ငံ ပီတန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးထွန်းနှင့် ပီတန်းအဖွဲ့မှ (၅)ဦး၊ မြန်မာနိုင်ငံစကိတ်အဖွဲ့ချုပ် ဥက္ကဋ္ဌဦးကျော်မင်းထွန်းနှင့် Skadeboarding အဖွဲ့မှ (၅)ဦး၊ အလေးမ(၁)ဦး၊ စစ်တုရင်(၁)ဦး စုစုပေါင်း(၁၉) ဦး တို့သည် ယနေ့နံနက်ပိုင်းနှင့်ညနေပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ  တာ၀န်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ သက်ဆိုင်ရာ အမှုဆောင်များ၊ မိဘဆွေမျိုးများက ပို့ဆောင် နှုတ်ဆက်ခဲ့ကြကြောင်း သိရှိရသည်။
 


back to top Eng