ရန်ကုန်၊ နိုဝင်ဘာလ( ၁ )ရက်။
၂ဝ၁၈ခုနှစ်၊ နိုဝင်ဘာ(၂)ရက်မှ (၇)ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံဘာလီမြို့တွင် ကျင်းပမည့်(၄)ကြိမ်မြောက် အာရှဗိုဗီနမ်ချန်ပီယံပြိုင်ပွဲ (4th Asia Vovinam Championship) ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ် အတွင်းရေးမှူး အုပ်ချုပ်/နည်းပြ ဦးကျော်ဝင်းနိုင်၊ အမှုဆောင် ဒေါ်ခင်လေးမွန်၊ ကစားသမား ဘိုဘို၊ ဆလိုင်းမနားကွီး၊ ရဲဝင်းထူး၊ ခိုင်ဝါဖူးတို့သည် ယနေ့နံနက် (၁ဝ)နာရီ (၂၅)မိနစ်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားရာ မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ် ဥက္ကဌဦးရဲမြင့်နှင့် တာဝန်ရှိသူများ၊ အားကစားသမားမိသားစုဝင်များ လိုက်ပါပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါပြိုင်ပွဲတွင် အာရှနိုင်ငံ(၁၇)နိုင်ငံ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြိုင်ပွဲအမျိုးအစား(၃၈)မျိုး ထည့်သွင်းကျင်းပမည်ဖြစ်ရာ မြန်မာအသင်းအနေဖြင့် ကစားသမား(၄)ဦးဖြင့် ပြိုင်ပွဲအမျိုးအစား(၁၁)မျိုးကို ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ်ဥက္ကဌ ဦးရဲမြင့်သည် ပြိုင်ပွဲသို့အနီးကပ်လိုက်ပါအားပေးမည်ဖြစ်ကြောင်း သိရှိရသည်။