skip to content
 
ဂန့်ဂေါ ဇန်နဝါရီ (၁)
 
(၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲ (အငယ်တန်း) ကို ယနေ့ နံနက် ၉ နာရီက ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ပြုလုပ်ရာ ပြိုင်ပွဲဝင် ၂၁ ဦး ပါဝင် ယှဉ်ပြိုင်ကြသည်။
 
ပြိုင်ပွဲသို့ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမြင့်၊ ဂန့်ဂေါမြို့နယ် အားကစားနှင့် ကာယပညာ ကော်မတီဝင်များ တက်ရောက် အားပေးကြပြီး ဆုများကို ဇန်နဝါရီ ၄ ရက်နေ့တွင် ချီးမြှႇင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
(ခရိုင်ပြန်/ဆက်၊ ဂန့်ဂေါ)

back to top Eng