ငါးသိုင်းချောင်း ဒီဇင်ဘာ ၁၉
(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူးဖလား အားကစားပြိုင်ပွဲ များကို ပုသိမ်ခရိုင် ငါးသိုင်းချောင်းမြို့ ပြည်သူ့အားကစားကွင်းနှင့် လွတ်လပ်ရေး ကျောက်တိုင် ကွင်းအတွင်း၌ ယမန်နေ့ ညနေပိုင်းက (အမျိုးသား) ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ (အမျိုးသား) ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုပွဲစဉ် များကို စတင်ကျင်းပလျက်ရှိသည်။
အဆိုပါအားကစားပြိုင်ပွဲ အုပ်စုပွဲစဉ်များကို (၂၀၂၀) ခုနှစ် ဇန်နဝါရီလ (၄) ရက် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ မတိုင်မီ ပြီးစီးအောင် ကြိုတင်ကျင်းပသွားမည်ဖြစ်ပြီး လွတ်လပ်ရေးနေ့ နံနက်ပိုင်းတွင် ရေကြည်မြို့နယ်အတွင်းရှိ ပုသိမ်-မုံရွာ လမ်းမကြီးတစ်လျှောက် မာရသွန်အပြေးပြိုင်ပွဲ ကျင်းပခြင်းနှင့် ငါးသိုင်းချောင်းမြို့ ပြည်သူ့အားကစားကွင်းအတွင်း၌ အားကစားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များ ကျင်းပခြင်းနှင့် ဆုချီးမြှင့်ခြင်း အစီအစဉ်များ ဆောင်ရွက်သွားရန် ကြိုတင်စီစဉ်ထားကြောင်း ငါးသိုင်းချောင်းမြို့ အားကစားနှင့် ကာယပညာကော်မတီထံမှ သိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)