skip to content
 
 
ရန်ကုန်၊ အောက်တိုဘာလ( ၃ဝ)ရက်။
 
(၉)ကြိမ်မြောက် Japan Cup  ကရာတေး ပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုပေးပွဲများကို ယနေ့ညနေ (၄)နာရီက ရန်ကုန်မြို့ အောင်ဆန်း အားကစားပြိုင်ဝင်း (မိုးလုံ/လေလုံ) အားကစားခန်းမ၌ ကျင်းပခဲ့ရာ ဗိုလ်လုပြိုင်ပွဲများတွင် အမျိုးသမီးတစ်ဦးချင်း(ခတ)၊ အမျိုးသမီး အသင်းလိုက် (ခတ) ဗိုလ်လုပြိုင်ပွဲများ၊ အမျိုးသမီးတစ်ဦးချင်း (၅ဝ၊ ၅၅၊ ၆ဝ၊ +၆၁)ကီလိုတန်း ကုမိတဲ့ဗိုလ်လုပြိုင်ပွဲများ၊ အမျိုးသား တစ်ဦးချင်း (ခတ)၊ အမျိုးသားအသင်းလိုက်(ခတ)ဗိုလ်လုပြိုင်ပွဲများ၊ အမျိုးသားတစ်ဦးချင်း ကုမိတဲ့ (၅၅၊ ၆ဝ၊ ၆၇၊ -၇၅၊ +၇၅) ကီလိုတန်း ဗိုလ်လုပြိုင်ပွဲများ ကျင်းပခဲ့ပြီး ၊ ၄င်းဗိုလ်လုပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယရရှိသူများအား လည်းကောင်း၊ Under 12 အမျိုးသမီးအကောင်းဆုံးအားကစားသမား ရွှေ(၁)၊ ကြေး(၁) ဆုရ သင်းသန့်သဇင်( ES4E)၊ Under 12 အမျိုးသားအကောင်းဆုံးအားကစားသမား ရွှေ(၁)၊ ကြေး(၁) ဆုရ အောင်သူကျော် ( ES4E )၊ Under  14 အမျိုးသမီးအကောင်းဆုံးအားကစားသမား ရွှေ(၂) ဆုရ ဆုမြတ်သူ( ES4E )၊ Under 14 အမျိုးသားအကောင်းဆုံးအားကစားသမား ရွှေ(၁)ဆုရ ဒေးဗစ်( YCDC)၊ Cadet အမျိုးသမီးအကောင်းဆုံးအားကစားသမား ရွှေ(၁)၊ ကြေး(၁)ဆုရ ဆုနန္ဒာနိုင်(အောင်ဆန်း)၊ Cadet အမျိုးသားအကောင်းဆုံးအားကစားသမား ရွှေ(၁)ဆုရ သိန်းထိုက်ဇော်(ကယား)တို့အားဆုတံဆိပ်များနှင့်အကောင်းဆုံး Trophy ဆုများကို Embassy Of Japan Counsellor rS Ms. To Mo Ko Yoshihiro နှင့် YJA Director Mr. Ken Suzuki တို့မှဆုများချီးမြ§င့်၍ လည်းကောင်း၊ Junior အမျိုးသမီးအကောင်းဆုံးအားကစားသမား ရွှေ(၂)ဆုရ နှင်းဝေအောင်(ISPE-MDY)၊ Junior အမျိုးသားအကောင်းဆုံးအားကစားသမား ရွှေ(၁) ဆုရ ဝေဖြိုးကျော်(အောင်ဆန်း)၊ Senior  အမျိုးသမီးအကောင်းဆုံးအားကစားသမား ရွှေ(၃) ဆုရ သဇင်အေး(ကာကွယ်ရေး)နှင့် Senior အမျိုးသားအကောင်းဆုံးအားကစားသမား ရွှေ(၁) ၊ ငွေ(၁)ဆုရ မင်းဟိန်းခန့်(MONRE)တို့အား Trophy ဆုများကို မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာဝင်းဇော်နှင့်JUM  Vice Chairman  Mr.Katsuji Nukagawa မှ လည်းကောင်း၊အမျိုးသား/အမျိုးသမီး စုပေါင်းတံခွန်စိုက်ဆုရ ရွှေ(၆)၊ ကြေး(၄)ဖြင့်ရရှိသော ကာကွယ်ရေးဝန်ကြီးဌာနအသင်းအား မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာဝင်းဇော်နှင့် Embassy Of Japan Counsellor မှ Ms. To Mo Ko Yoshihiroတို့က တံခွန်စိုက် ဆုဖလားကြီးအား ချီးမြှင့်ပေးခဲ့ကြောင်းသတင်းရရှိသည်။
 
 

back to top Eng