skip to content

ရန်ကုန်၊ ဇူလိုင်လ(၂၇ )ရက်။     

မလေးရှားနိုင်ငံ Shah Alam, Selangor  မြို့တွင် အိမ်ရှင်အဖြစ်ဇူလိုင်(၁၉)ရက်မှ (၂၇)ရက် အထိ လက်ခံကျင်းပခဲ့သည့် 10th ASEAN  School Games  ပြိုင်ပွဲသို့ မြန်မာကျောင်းသား/ ကျောင်းသူ အားကစား(၇)ဖွဲ့သည် မြန်မာအားကစားအဖွဲ့ တွင် အုပ်ချုပ်သူအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ ဒုတိယအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးနှင့် အုပ်ချုပ်၊ နည်းပြ၊ ဆေးအဖွဲ့၊ မှတ်တမ်းနှင့် အားကစားသမားစုစုပေါင်း(၁ဝ၄)ဦး တို့သည် ယနေ့နံနက်(၁ဝ) နာရီ(၄၅)မိနစ်နှင့် ည (၁၁)နာရီအချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပြန်လည်ရောက်ရှိရာ   ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဦး၊ အားကစား နှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးစိုးအောင်၊ အားကစားနှင့် ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ဦးသက်လွင်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မိဘဆွေမျိုးများ၊ ကျောင်းသူ/ကျောင်းသားများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ပြိုင်ပွဲအပြီးတွင် စုစုပေါင်း ရွှေ(၁)ခု၊ ငွေ(၂)ခု၊ ကြေး(၂)ခုဖြင့်ရရှိရာ ပြေးခုန်ပစ် အမျိုးသားမီတာ(၅ဝဝဝ)လမ်းလျှောက်ပြိုင်ပွဲတွင်  မောင်မိုင်းညီညီမိုး (အား/ကာသိပ္ပံ -တောင်ကြီး) က ရွှေတံဆိပ်ဆုကိုလည်းကောင်း၊  အမျိုးသမီးမီတာ (၃ဝဝဝ) အပြေးပြိုင်ပွဲတွင် မလွီးဇာ (အား/ကာသိပ္ပံ -လွိုင်ကော်) ကငွေတံဆိပ်ဆုကိုလည်းကောင်း၊  အမျိုးသမီးမီတာ (၃ဝဝဝ)လမ်းလျှောက်ပြိုင်ပွဲတွင် မဇင်မေထက်(အား/ကာသိပ္ပံ -တောင်ကြီး)က ငွေတံဆိပ် ဆုကိုလည်းကောင်း၊ အမျိုးသားမီတာ (၃ဝဝဝ) အပြေးပြိုင်ပွဲတွင် မောင်ဇာနည်ထွန်း (အား/ကာသိပ္ပံ- မန္တလေး) က ကြေးတံဆိပ်ဆု ကိုလည်းကောင်း၊ အမျိုးသမီးစားပွဲတင် တင်းနစ်အသင်းလိုက်ပြိုင်ပွဲတွင် (အား/ကာသိပ္ပံ-ရန်ကုန် နှင့်အခြေခံပညာကျောင်း)မှ ပူးတွဲတတိယဆုကို  လည်းကောင်း အသီးသီးဆုများရရှိခဲ့ရာ နိုင်ငံအလိုက် ရပ်တည်မှု အဆင့် (၇)နေရာ၌ ရရှိခဲ့ကြောင်းသိရှိရသည်။

 


back to top Eng