skip to content

ရန်ကုန်၊ ဇူလိုင်လ(  ၂၂   )ရက်။           

မလေးရှားနိုင်ငံ Shah  Alam Selangor မြို့တွင် ဇူလိုင်လ(၁၉)ရက်နေ့မှ (၂၇)ရက်နေ့အထိ ကျင်းပလျက်ရှိသည့် 10th ASEAN SCHOOL Games2018 ဒုတိယနေ့ပြိုင်ပွဲများအဖြစ် ယနေ့နံနက်ပိုင်းက ပြေးခုန်ပစ် အမျိုးသား လမ်းလျှောက် မီတာ(၅ဝဝဝ)ဗိုလ်လုပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဦးဆုံးရွှေတံဆိပ်ဆုကို ရယူပေးနိုင်ခဲ့သည်။

အဆိုပါ အမျိုးသားမီတာ(၅ဝဝဝ)လမ်းလျှောက် ဗိုလ်လုပြိုင်ပွဲတွင် စံချိန်(၂၂မိနစ်၊ ၅၇ဒဿမ၁၉စက္ကန့်)ဖြင့် မြန်မာနိုင်ငံမှ မိုင်ညီညီမိုး (အားကစားနှင့်ကာယ ပညာသိပ္ပံ-တောင်ကြီး)မှ ပထမ ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ စံချိန်(၂၃မိနစ်၊၁၅ဒဿမ၃၃ စက္ကန့်)ဖြင့် မလေးရှားမှ ဒုတိယနှင့် စံချိန်(၂၄မိနစ်၊၅၄ဒဿမ၆၁စက္ကန့်)ဖြင့် ထိုင်းနိုင်ငံမှ တတိယဆုတို့ အသီးသီးရရှိခဲ့ကြပြီး ယနေ့ထိ ပြေးခုန်ပစ်အားကစားနည်းမှ ရွှေ(၁)၊ ငွေ(၁)၊ ကြေး(၁)ခုတို့ အသီးသီးရရှိထားပြီး ပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းသိရှိရသည်။

 


back to top Eng