ရန်ကုန်၊ သြဂုတ်လ( ၁၅ )ရက်။
အင်ဒိုနီးရှားနိုင်ငံ ၊ ပန်လက်ဘမ်းမြို့ (ဂျကာဘားရီး) အားကစားရုံရှိ အစည်းအဝေးခန်းမတွင် ကျင်းပသည့် အားကစားအဖွဲ့ခေါင်းဆောင်များ အစည်းအဝေးကို ယနေ့နံနက်(၈)နာရီခွဲက ကျင်းပခဲ့ရာ အာရှအားကစားပြိုင်ပွဲဝင် အာရှနိုင်ငံ အသီးသီးမှ အားကစားအဖွဲ့ခေါင်းဆောင်များ၊ အသင်းအုပ်ချုပ်သူ /နည်းပြများနှင့် တာဝန်ရှိသူများ ၊ ပြိုင်ပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိသူများ ပန်လက်ဘမ်းမြို့တွင် ပြိုင်ပွဲဝင်မည့် မြန်မာအားကစားအဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး တက်ရောက်ခဲ့ပြီး အားကစားအဖွဲ့ခေါင်းဆောင်များမှ နေထိုင်စားသောက်ရေး ၊ သယ်ယူပို့ဆောင်ရေးအဆင်မပြေမှု ကိစ္စရပ်များကို အသီးသီးတင်ပြကြရာ ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။