skip to content
 
 
ရန်ကုန်၊ အောက်တိုဘာလ( ၁၅ )ရက်။
 
ထိုင်းနိုင်ငံ(ဘန်ကောက်မြို့)၌ အောက်တိုဘာလ (၁ဝ)ရက်နေ့မှ(၁၅)ရက်နေ့အထိကျင်းပသော 2nd  EGAT King's Cup 2018 လူငယ် အလေးမပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်လျက်ရှိရာ အောက်တိုဘာလ(၁၅)ရက်နေ့၊ ဒေသစံတော်ချိန်  ယနေ့ညနေ(၄)နာရီက ကျင်းပပြုလုပ်ခဲ့သော အမျိုးသား(+၁ဝ၅)ကီလို အထက်တန်းအလေးမပြိုင်ပွဲတွင် စံချိန် (၃၁၁)ကီလိုဖြင့် ထိုင်းက ပထမ၊ မြန်မာမှ ရန်မျိုးကျော်က  အမြန်မစံချိန် (၁၃ဝ)ကီလိုဖြင့်  ဒုတိယငွေတံဆိပ်(၁)ခု နှစ်ဆင့်မစံချိန်(၁၆၁)ကီလိုဖြင့် တတိယကြေးတံဆိပ်(၁)ခုနှင့် စုစုပေါင်း စံချိန် (၂၉၁)ကီလိုဖြင့် ငွေတံဆိပ်တို့ရရှိခဲ့ပြီး စုစုပေါင်း စံချိန် (၂၇၇) ကီလိုဖြင့် ထိုင်းက တတိယတို့ရရှိခဲ့ကြသည်။
 
 
ယခု Junior တန်း မြန်မာလူငယ်အလေးမအားကစားအသင်းသည် အမျိုးသမီး(၂)ဦး၊ အမျိုးသား(၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲဝင်(၄)ဦးစလုံး ဆုတံဆိပ်များ ထိုက်ထိုက်တန်တန် ရယူပေးနိုင်ခဲ့ပြီး Junior Women (၄၈)ကီလိုတန်းပြိုင်ပွဲတွင် မြန်မာမှ ဇင်မေဦးက အမြန်မတွင် ရွှေတံဆိပ်(၁)ခု၊ နှစ်ဆင့်မတွင် ရွှေတံဆိပ်(၁)ခုနှင့် စုစုပေါင်းစံချိန် (၁၇၅)ကီလိုတွင် ရွှေတံဆိပ်(၁)ခု၊ စုစုပေါင်းရွှေတံဆိပ်(၃)ခုကိုလည်းကောင်း၊Junior Men (၆၂)ကီလိုတန်း ပြိုင်ပွဲတွင် ကောင်းဆက်နိုင်က နှစ်ဆင့်မစံချိန် (၁၄ဝ)ကီလိုဖြင့် ငွေတံဆိပ်(၁)ခု၊ Junior Women (၅၃)ကီလိုတန်းပြိုင်ပွဲတွင် ပြည့်ပြည့်ဖြိုးက အမြန်မတွင် ငွေတံဆိပ်(၁)ခုနှင့် စုစုပေါင်း စံချိန် (၁၆၃)ကီလိုတွင် ငွေတံဆိပ်(၁)ခုဖြင့်လည်းကောင်း၊ အမျိုးသား(+၁ဝ၅)ကီလိုအထက်တန်း ပြိုင်ပွဲ တွင်  ရန်မျိုးကျော်က အမြန်မတွင် ငွေတံဆိပ်(၁)ခုနှင့် နှစ်ဆင့်မတွင် ကြေးတံဆိပ်(၁)ခု စုစုပေါင်း စံချိန်(၂၉၁)ကီလိုဖြင့် ငွေတံဆိပ်(၁)ခုတို့ အသီးသီးရရှိခဲ့ကြပြီး မြန်မာလူငယ်အလေးမအသင်းသည် ရွှေတံဆိပ်(၃)ခု၊ ငွေတံဆိပ်(၅)ခုနှင့် ကြေးတံဆိပ်(၁)ခုတို့ အသီးသီးရရှိခဲ့ကြကြောင်းသတင်းရရှိသည်။
 
 
 

back to top Eng