skip to content

 

ရန်ကုန်  ဇန်နဝါရီလ  ၂ဝရက် ။

China LPGA Tour 2019 ဂေါက်သီး ရိုက်ပြိုင်ပွဲ လက်ရည်စစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့် မြန်မာ Professional Golfers ယဉ်မေမျိုးသည် လက်ရည်စစ်ပွဲအောင်မြင်ပြီး China LPGA Tour 2019 ဂေါက်သီး ရိုက်ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိကြောင်း သိရသည်။ ယဉ်မေမျိုး ဝင်ရောက်ယှဉ်ပြိုင်သည့် လက်ရည်စစ်ပွဲကို ဇန်နဝါရီ ၁၆ ရက်မှ ၁၈ရက်အထိ  The Dunes at Shenzhou  Peninsula Resort. Wanning City Hainan, China ၌ ကျင်းပခဲ့ပြီး အဆင့် (၂၈) နေရာမှ လက်ရည်စစ်ပွဲ အောင်မြင်ခဲ့ခြင်းဖြစ်သည်။

ယဉ်မေမျိုးသည် China LPGA Tourသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိသည့် ပထမဆုံး မြန်မာအမျိုးသမီး Professional Golfers တစ်ဦးဖြစ်ကြောင်း သိရသည်။ မြဝတီသတင်းစာမှ ကောက်နှုတ်ဖော်ပြသည်။

 


back to top Eng