skip to content

ရန်ကုန်၊ ဇူလိုင်လ(  ၁၃  )ရက်။       

EIM  Myanmar National Technical Committee ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည်(၂)နာရီက ရန်ကုန်တိုင်းဒေသကြီး ၊ပြည်သူ့ကျန်းမာရေးတက္ကသိုလ် ၌ကျင်းပရာ EIM  Myanmar National Technical Committee ဥက္ကဋ္ဌကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး  ဒေါက်တာမြလေးစိန်၊ သူနာပြုတက္ကသိုလ်ပါမောက္ခချုပ်(ငြိမ်း)ပါမောက္ခ ဒေါက်တာခင်မေအုန်း၊    ပြည်သူ့ကျန်းမာရေး တက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း) ပါမောက္ခ ဒေါက်တာ နေစိုးမောင် ၊ ဆေးတက္ကသိုလ်(၁)ပါမောက္ခ ဌာနမှူး ဒေါက်တာချစ်စိုး၊ ဆေးတက္ကသိုလ်(၁)ပါမောက္ခ/ ဌာနမှူး ဇီ၀ကမ္မဌာန ဒေါက်တာဥမ္မာ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ကျွမ်းကျင်သူ ဒေါက်တာရဲတင့်လွင်နှင့် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာ၀န်ရှိသူများတက်ရောက်ကြသည်။

ရှေးဦးစွာ သဘာပတိ EIM  Myanmar National Technical Committee ဥက္ကဋ္ဌ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန် က အဖွင့်အမှာ စကားပြောကြားရာတွင် EIM  Myanmar National Technical Committee အနေဖြင့် EIM Myanmar National Center တည်ဆောက်ပြီး ဖြစ်သည့်အတွက်လှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန်  American College of Sports Medicine (ACSM) rS EIM Program Officer Mr. MARK  STOUTENBERG နှင့်ဆွေးနွေးခဲ့ပါကြောင်း၊ မိမိတို့ EIM  Myanmar National Technical Committee ၏ ဖွဲ့စည်းပုံနှင့် ဆောင်ရွက်မှုများ ကို ချီးကျူးခံရပါကြောင်း၊ အတည်ပြုနိုင်ရေးအတွက် နှစ်ဖက်သဘောတူ စာချုပ် MOU လက်မှတ်ထိုးနိုင်ရေး ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ လက်ရှိတွင် အစိုးရအဖွဲ့အစည်း တစ်ခု (G .O) အနေဖြင့် ဆောင်ရွက်မှာဖြစ်တဲ့အတွက် မိမိတို့ ကော်မတီမှ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနသို့ တင်ပြ၍ ဆောင်ရွက်သွား ရန်လိုအပ်ပါကြောင်း၊ EIM Forum (ဖိုရမ်) ကို၂၀၂၀ခုနှစ်၌ စင်ကာပူနိုင်ငံမှာ ကျင်းပ သွားမှာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁- ၂၀၂၂ မှ ပြုလုပ်သွားဖို့လျာထားပါကြောင်း၊ EIM Programme မှာ ဆရာ၀န်တွေက အဓိကဖြစ် ၍ လူနာများအား ဆေးကုသရေးအပြင် သင့်လျှော်သော ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းဆောင်ရွက် ရေးကိုလည်း ပညာပေးရန်လိုအပ်ပါကြောင်း၊ နောက်ပိုင်းတွင် ဆေးတက္ကသိုလ်များ၏သင်ရိုး ၌ Public Health  ကို ထည့်သွင်းနိုင်ရေး ဆောင်ရွက်သွားဖို့ လျာထားပါကြောင်းပြောကြားခဲ့ ပါသည်။

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ကျွမ်းကျင်သူ EIM Myanmar National Technical Committee အတွင်းရေးမှူး ဒေါက်တာရဲတင့်လွင် က (EIM Myanmar National Center) နှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့်အတည်ပြုနိုင်ရေး၊  (Exercise is Medicine) Health Initiatives  Strategic  Plan ကို ချပြဆွေးနွေး၍ လည်းကောင်း၊ EIM MOU လက်မှတ်ထိုးနိုင်ရေးကိစ္စရပ်များအားလည်းကောင်း၊ (EIM Myanmar National Center) ၏ရှေ့ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအားလည်းကောင်း အသေးစိတ် Projector ဖြင့်အသေးစိတ်ရှင်းလင်းတင်ပြများကို EIM Myanmar National Technical Committee ဒုတိယဥက္ကဋ္ဌများနှင့်် တာ၀န်ရှိပုဂ္ဂိုလ် များက ပြန်လည်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန် က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ကြောင်းသတင်းရရှိသည်။

 


back to top Eng