skip to content
 
ရန်ကုန်၊ ဒီဇင်ဘာလ( ၁ )ရက်။
 
အားကစားသမားများအား နည်းစနစ်မှန်မှန်ဖြင့် ဘေးအန္တရာယ်ကင်းစွာ လေ့ကျင့်သင်ကြားပေးတတ်စေရန် ၊ အားကစားသမားများအားကစား နည်းအလိုက် လိုအပ်သော ခန္ဓာကိုယ်အချိုးအစား ရရှိနိုင်ရန် မည်ကဲ့သို့လေ့ကျင့်ရမည်၊ အနားယူ ရမည်၊ မှန်ကန်စွာစားသောက်တတ်ရမည်ကို သိရှိပြီး ပြန်လည်အသုံးချတတ်စေရန်နှင့် Professional GYM  နည်းပြတစ်ဦးအနေဖြင့် သိကိုသိရမည့် အားကစားသိပ္ပံပညာရပ်နှင့် ကာယ ကြံ့ခိုင်မှုဆိုင်ရာ အခြေခံပညာများကို နားလည်တတ်ကျွမ်းပြီး အားကစားသမားများအား ပြန်လည် ဆင့်ပွားသင်ကြားပေးနိုင်စေရန် ရည်ရွယ်၍ FUNDAMENTAL   FITNESS  AND  CONDITIONING COURSE သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေ(၃)နာရီအချိန်က  ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံရုံးဟောင်း တွင်ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူးဦးစိုးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ ပြန်လည်ရွေးချယ်ရေးအဖွဲ့ခေါင်းဆောင်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် (ငြိမ်း) ဦးအောင်ဒင်နှင့် အဖွဲ့ဝင်များ၊ ကျွမ်းကျင်ပညာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ၊ သင်တန်းနည်းပြ များ၊ သင်တန်းသား/သင်တန်းသူများတက်ရောက်ကြသည်။
 
ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် မြန်မာတစ်ပြည်လုံးရှိ အားကစား နှင့်ကာယ ပညာသိပ္ပံကျောင်းများ FUNDAMENTAL   FITNESS  AND  CONDITIONING COURSE သင်တန်းဖြစ်ပြီး နည်းပြများအဖြစ်ဆောင်ရွက်နေကြသူများကို သင်တန်းဖွင့်လှစ်ရ ခြင်း ဖြစ်ပါကြောင်း၊ ယခုသင်တန်းသည် လုပ်ငန်းခွင်သင်တန်းတစ်ခုဖြစ်တာမို့ ကျွမ်းကျင်ပညာ ရှင်တွေက စာတွေ့/လက်တွေ့ သင်ကြားပေးတဲ့အပြင် မိမိတာဝန်ကျရာ နယ်ပယ်မှာ လုပ်ဆောင်ရမည့် လုပ်ငန်းတွေကိုပါ အသေးစိတ်သင်ကြားပို့ချပေးသွားမှာဖြစ်လို့ မိမိတို့ဘဝတစ်သက်တာ အတွက် သိသင့်သိထိုက်တာကို ဂရုစိုက်နာယူမှတ်သားသွားကြရန် လိုအပ်သလို သင်တန်းပြီးဆုံး လို့ မိမိတို့တာဝန်ကျရာဒေသတွေမှာ သင်ကြားခဲ့ရတဲ့ FITNESS  AND  CONDITIONING ပတ်သက်တဲ့ သင်ခန်းစာတွေကို ပြန်လည်သင်ကြားပေးနိုင်မှာဖြစ်ပြီး မိမိရပ်ရွာဒေသက အားကစားသမားများ၊ ပြည်သူလူထုများကို ကျန်းမာကြံ့ခိုင်အောင် သင်ကြားပေးနိုင်မှာဖြစ်ပါ ကြောင်းပြောကြားခဲ့သည်။
 
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးမျိုးလှိုင်သည် သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြ§င့်ရာ သင်တန်းသား/သင်တန်းသူ အားလုံးကိုယ်စား သင်တန်းသား(၂)ဦးက လက်ခံရယူခဲ့ပြီး အမှတ်တရ မှတ်တမ်းတင်စုပေါင်း ဓါတ်ပုံရိုက်ကူး ခဲ့ကြောင်းသတင်းရရှိသည်။
 

back to top Eng