skip to content
 
ရန်ကုန်၊ ဇန်နဝါရီလ(၁၂)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်၊ Asian Tour  နှင့် Japan Golf Tour  တို့မှကြီးမှူးကျင်းပသည် Leopalace 21 Myanmar Open 2018 နိုင်ငံတကာ ဖိတ်ခေါ်ဂေါက်သီးရိုက်ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် (၁၆)ကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ရာအဆိုပါပြိုင်ပွဲအတွက် Asian Tour  နှင့် Japan Golf Tourတို့က တတိယအကြိမ်မြောက်အဓိကပံ့ပိုးမှုကို ဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့ပြိုင်ပွဲကျင်းပခြင်းဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အေးချမ်းတည်ငြိမ်မှုနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်နေမှု ပကတိအခြေအနေများကို အားကစားမှတစ်ဆင့် နိုင်ငံတကာသို့ သိမြင် နားလည်ခွင့် ရရှိစေရန်လည်းကောင်း၊ မြန်မာနိုင်ငံလူငယ်သွေးသစ်ဂေါက်သီးရိုက်အားကစားသမားများ ၊ ဂေါက်သီးရိုက် ဝါသနာရှင်များနှင့် လုပ်သားပြည်သူများ၊ နိုင်ငံတကာဂေါက်သီးရိုက်ပြိုင်ပွဲကို နီးနီးကပ်ကပ် မျက်မြင်ကိုယ်တွေ့ လေ့လာခွင့်ရရှိစေရန်နှင့်ဂေါက်သီးအားကစားသမား လောကပိုမို  တိုးတက်ဖွံ့ဖြိုးလာစေရန် လည်းကောင်း၊ မြန်မာဂေါက်သီးရိုက် အားကစား သမားများ၏ တိုးတက်မှု အခြေအနေကိုဆန်းစစ်လေ့လာနိုင်ရန် မြန်မာဂေါက်သီးရိုက် အားကစားသမားများ ပိုမိုထွက်လာပြီး အရှေ့တောင်အာရှမှစ၍ကမ္ဘာ့အဆင့်ပြိုင်ပွဲများသို့တိုင် အဆင့်အတန်းမီမီ ပါဝင်နိုင်ပြီး အားကစားဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရန်ရည်ရွယ်၍ နိုင်ငံတကာ ဖိတ်ခေါ် ဂေါက်သီးရိုက်ပြိုင်ပွဲကို ဇန်နဝါရီလ (၂၅)ရက်နေ့မှ (၂၈)ရက်နေ့အထိ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ ပန်းလှိုင် ဂေါက်ကွင်းတွင်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည် (၁)နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(၁) ဦးထွန်းမြင့်ဦးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ ၊တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်ဥက္ကဌ ဦးကိုကိုအေးနှင့် အမှုဆောင်များ ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သတင်းနှင့်စာနယ်ဇင်းများမှ မီဒီယာများတက်ရောက်ကြသည်။
 
 
ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(၁) ဦးထွန်းမြင့်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး၊ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်ဥက္ကြ ဦးကိုကိုအေးက ပြိုင်ပွဲကျင်းပရေးဆိုင်ရာများရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များကသက်ဆိုင်ရာ ကဏ္ဍအလိုက်ရှင်းလင်း တင်ပြခဲ့ကြပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(၁) ဦးထွန်းမြင့်ဦးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။ 
 
ယင်းပြိုင်ပွဲတွင် Professional  အဆင့်ပြိုင်ပွဲဖြစ်ပြီး အချက်အရေဖြင့် (၁)ရက် (၁၈)ကျင်းနှင့် (၄)ရက်ပေါင်း(၇၂)ကျင်းအတွက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဆုကြေးငွေများကို Asian Tour  အဖွဲ့မှတာဝန်ယူ၍ အနိုင်ရရှိသူများ၏ ဆုကြေးငွေများကို ၄င်းတို့၏ သက်ဆိုင်ရာ ငွေစာရင်းဖွင့်ထားသည့်ဘဏ်များသို့ တိုက်ရိုက်ပေးချေမည်ဖြစ်ပြီး ဆုကြေးငွေ စုစုပေါင်းဒေါ်လာ (၇၅ဝယဝဝဝ)သတ်မှတ်ထားပြီး၊ အဆင့်(၁)မှ အဆင့်(၆၅)ရရှိသူများကို အချိုးကျ ဆုကြေးငွေများ သတ်မှတ်ချီးမြှင့်မည်ဖြစ်သည်။ 
 
အဆိုပါပြိုင်ပွဲသို့ နိုင်ငံပေါင်း(၃ဝ)မှလာရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး နိုင်ငံတကာနှင့် အများပြည်သူများ တိုက်ရိုက်ကြည့်ရှုနိုင်ရေးအတွက် တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြိုင်ပွဲနှင့် စပ်လျဉ်း၍ စာနယ်ဇင်းရှင်းလင်းပွဲကို ဇန်နဝါရီ (၂၃)ရက်နေ့ နံနက် (၁၁)နာရိီတွင် ပန်းလှိုင်ဂေါက်ကွင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
 

back to top Eng