ရန်ကုန် ဒီဇင်ဘာ ၁၈
၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲအတွက် လေ့ကျင့် ပြင်ဆင်နေသည့် MNL ကလပ်အသင်းများသည် ယနေ့ နံနက်ပိုင်းက ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခဲ့သည်။
၂၀၁၉ MNL အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက် အသင်းသည် မကွေးအသင်းနှင့် ယှဉ်ပြိုင်ကစားရာ နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ မကွေးအသင်းသည် ၁၃ မိနစ် တွင် နိုင်နိုင်ကျော် သွင်းယူသည့်ဂိုးဖြင့် ပထမပိုင်းတွင် ဦးဆောင်နိုင်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ဒုတိယ ပိုင်း ၄၉ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် မက်ဆီမင် က ချေပဂိုး ပြန်သွင်းခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးကို ၆၄ မိနစ်တွင် ကစားသမားသစ် နောက်ခံလူ ဒန်နီရယ်လ်က သွင်းယူခဲ့သည်။ ဗဟန်းမြက်ခင်းတုကွင်း၌ ကျင်းပသည့် ခြေစမ်းပွဲတွင် ဧရာဝတီအသင်းနှင့် Southern အသင်းတို့ နှစ်ဂိုးစီသရေကျခဲ့သည်။ ဧရာဝတီအသင်းအတွက် ဂိုးများ ကို ၂၂ မိနစ်တွင် သန်းထက်အောင်၊ ၄၁ မိနစ်တွင် ကောင်းမြတ်သူတို့က သွင်းယူခဲ့ပြီး Southernအသင်း အတွက် ဂိုးများကို ၂၈၊ ၇၃ မိနစ်တွင် အောင်မြတ်သူက သွင်းယူခဲ့သည်။
ရဲရင့်ရှိုင်း
Credit: မြန်မာ့အလင်း