skip to content

 

ရန်ကုန် ဒီဇင်ဘာ ၂၅။

၂၀၁၈-၂၀၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၄) ပထမနေ့အဖြစ် ဂန္ဓမာအသင်းနှင့် YREO အသင်းသို့ ယနေ့ညနေပိုင်းက အောင်ဆန်းကွင်း၌ ယှဉ်ပြိုင်ကစားသည်။ဂန္ဓမာအသင်းက နိုင်ပွဲဆက်ရန်နှင့် YREO အသင်းနိုင်ပွဲရရန် ကြိုးပမ်းခဲ့ပြီး ဂိုးပြတ်အနိုင်ရလဒ်နှင့်အတူ YREO အသင်းပထမဆုံးအနိုင်ရခဲ့သည်။ ဂန္ဓမာအသင်းသည် ရလဒ်ကောင်းထပ်မံရယူနိုင်ရန် ကြိုးပမ်းသော်လည်း လူငယ်ကစားသမားများဖြင့် ဖွဲ့စည်းထားသည့် YREOအသင်းက ပွဲချိန်ကြာလာသည်နှင့် အမျှ ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး ပထမပိုင်းတွင် နှစ်ဂိုး၊ ဒုတိယပိုင်းတွင် လေးဂိုးသွင်းယူခဲ့သည်။

YREO အသင်းအတွက် တိုက်စစ်မှူး မြတ်နိုးခင် ခြေစွမ်းပြခဲ့ပြီး အနိုင်ဂိုးများကို ၁၁၊ ၃၁၊ ၅၃၊ ၇၉ မိနစ်တွင် မြတ်နိုးခင်၊ ၆၉ မိနစ်တွင် ဝင်းစန္ဒာထွန်း၊ ၈၉ မိနစ်တွင် ဆွေမာအောင်တို့က သွင်းယူခဲ့သည်။ ပွဲစဉ် (၄) ဒုတိယနေ့ကို ဒီဇင်ဘာ ၂၆ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး တက္ကသိုလ်အသင်းနှင့် ဇွဲကပင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။


back to top Eng