skip to content
 
ရန်ကုန်၊ အောက်တိုဘာလ( ၇ )ရက်။
 
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ မြန်မာ့အားကစား အဆင့်အတန်းတိုးတက်မြင့်မားရေး၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အဆင့်အတန်းမြင့်မားစွာပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ အရှေ့တောင်အာရှမှ အာရှ၊ အာရှအဆင့်မှ ကမ္ဘာ့အဆင့်အထိ တက်လှမ်းနိုင်အောင် ကြိုးပမ်းရေးဟူသော တာဝန်ကြီး(၄)ရပ်ကိုအကောင် အထည်ဖော်ဆောင်ရွက်ရန်ရည်ရွယ်၍(ဖူဆယ်ဘောလုံး၊ ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း)အားကစားပြိုင်ပွဲများကို၂ဝ၁၇ခုနှစ်၊ မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ (TSDP) ဒေါပုံမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋဖလား အားကစားပြိုင်ပွဲများနှင့်မိုးလုံလေလုံမြို့နယ်အားကစားခန်းမဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီ အချိန်က ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်ရှိ မြို့နယ်အားကစားခန်းမ  ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွတ်တော်ကိုယ်စားလှယ်(တိုင်း-၂)မှဦးပြုံးချိုနှင့် ဦးသန့်ဇင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ်(၂) ဦးကျော်ဆန်း၊ ရန်ကုန်တိုင်း အားကစားနှင့်ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူး ဦးအောင်မိုးနှင့် ခရိုင်/မြို့နယ်အရာရှိများ၊  ဒေါပုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊  ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အားကစားသမားများတက်ရောက်ကြသည်။
 
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွတ်တော်ကိုယ်စားလှယ်(တိုင်း-၂) မှ ဦးပြုံးချိုနှင့် ဦးသန့်ဇင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ်(၂) ဦးကျော်ဆန်း၊  ဒေါပုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်တို့က (၁၂ဝပေ×၉ဝပေ)အကျယ်ရှိ မြို့နယ်အားကစား ခန်းမအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့သည်။
 
ဆက်လက်၍ ဒေါပုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင် က အမှာစကားပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးရာ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုပြီး ကွင်းအတွင် မှပြန်လည်ထွက်ခွာသွားကြသည်။
 
ယင်းနောက် အမက(၈)ဒေါပုံကျောင်းသား/ကျောင်းသူလေးများက ကိုယ်လက်လှုပ်ရှား မှုအတွဲ(၁)(၂) လေ့ကျင့်ခန်းတို့ကိုလည်းကောင်း၊ မြန်မာ့ရိုးရာခြင်းလုံး၊ တိုက်ကွမ်ဒို၊ ဝူရှူး ၊ ကျွမ်းဘားအဖွဲ့တို့မှ အသီးသီးသရုပ်ပြသ ခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်နှင့် သုဓမ္မမဏိဇောတဦးလှမြင့် တို့က အားကစား နည်းအလိုက် ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကြသည်။
 
ဆက်လက်၍အခြေခံပညာကျောင်းပေါင်းစုံဖူဆယ်ဘောလုံးပြိုင်ပွဲကို  စတင်ကျင်းပ ခဲ့ပြီး အောက်တိုဘာ(၇)ရက်နေ့မှ (၁၃)ရက်နေ့အထိ ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ကြက်တောင်ရိုက် ပြိုင်ပွဲနှင့် အသက်(၂၅)နှစ်အောက်ရပ်ကွက်ပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲများကို ကျင်းပသွား မှာဖြစ်ကြောင်း သတင်းရရှိသည်။
 

back to top Eng