ဟားခါး၊ ဒီဇင်ဘာ ၈ ရက်။
၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် (ဒုတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ချင်းပြည်နယ်၊ ဟားခါးမြို့၌ နံနက်(၆း၀၀)နာရီအချိန်တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လွှတော်ဥက္ကဌတို့မှ ဦးဆောင်၍ ဒုတိယဥက္ကဌ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ လုပ်သားပြည်သူများ စုပေါင်းကာ ဆေးရုံလမ်းခွဲမှ ဝမ္မသူးမောင်အားကစားကွင်းအထိ စုပေါင်းလမ်းလျှောက်ကြပြီး ကိုယ်လက်ကြံ့ခိုင်ရေး အတွဲ(၁+၂)၊ Myanmar Fitness Dance အကများကို စုပေါင်းပြုလုပ်ခြင်း၊ အားကစားဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ခြင်းနှင့် ကံစမ်းမဲဖောက်ပေးခြင်းများကို စုပေါင်း ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။