skip to content

ကယားပြည်နယ် ဒီဇင်ဘာ ၈ ။

ဒီဇင်ဘာ ၈ ရက်နေ့တွင် ကယားပြည်နယ် ဒီဇင်ဘာလ ဒုတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို နံနက်(၅:၁၅)နာရီတွင် ဒီးမော့ဆိုမြို့နယ်၊ ရှားတောမြို့နယ်နှင့် နံနက်(၅:၃၀)တွင် ဘောလခဲမြို့နယ် တို့စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပခဲ့ပြီး ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အတွဲ(၁)၊ (၂)ကို စုပေါင်းဆောင်ရွက်ခဲ့ကြကာ ပျော်ရွှင်စရာ အားကစားပြိုင်ပွဲများကို    ပြုလုပ်ပေးခဲ့ကြောင်း၊ ပါဝင်လှုပ်ရှားသူအားလုံးကိုဆုမဲစနစ်များဖြင့် မဲဖောက်ပေးခြင်းနှင့် ကောက်ညှင်းပေါင်း၊ အကြော်စုံနှင့်စာမူဆာတို့ဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်းသတင်းရရှိပါသည်။

     

အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဆရာ/မများ၊ ကျောင်းသားကျောင်းသူများနှင့် ပြည်သူလူထုများပါဝင်ပြီး စုပေါင်းလမ်းလျှောက်ကြကြောင်း သတင်းရရှိပါသည်။

 

   
 


back to top Eng