skip to content
 
နေပြည်တော်၊ အောက်တိုဘာ(၁ဝ)ရက်။
 
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် အောက်တိုဘာ(၁၁) ရက်နေ့တွင် လက်ခံကျင်းပမည့် အာဆီယံနိုင်ငံများ အားကစားဝန်ကြီးများနှင့် ဂျပန်နိုင်ငံ အားကစားဝန်ကြီးတို့ အစည်းအဝေး (1st AMMS+Japan) အား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် အာဆီယံနိုင်ငံများအားကစားအဆင့်မြင့်အရာရှိကြီးများနှင့် ဂျပန်နိုင်ငံအားကစားအဆင့် အရာရှိကြီးများတို့၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉းဝဝ)နာရီအချိန်တွင် နေပြည်တော် ဟိုတယ်ဇုံရှိ Kempinski Hotel  ၌ ကျင်းပပြုလုပ်ပါသည်။
 
အဆိုပါ အစည်းအဝေးကို ဥက္ကဌအဖြစ် မြန်မာနိုင်ငံမှ ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ñွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်နှင့် ဂျပန်နိုင်ငံ Jugo Imalzumi(Director International Affairs Division) တို့မှ ပူးတွဲတာဝန်ယူ ဆောင်ရွက်ပါသည်။
 
အစီအစဉ်အရ ဥက္ကဌñွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ အမှာစကားပြောကြားရာတွင် အာဆီယံ+ဂျပန်ဝန်ကြီး အဆင့်အားကစားဆိုင်ရာကြိုတင်ပြင်ဆင်ဆွေးနွေးမှုများပြုလုပ်ရာတွင် မနက်ဖြန်ညနေပိုင်း အစည်းအဝေးအစီအစဉ်များအရ ဆွေးနွေးစရာကိစ္စရပ်များစွာ ရှိကြောင်း၊ အာဆီယံဆွေးနွေးဘက်အဖြစ် ဂျပန်နိုင်ငံအားကစားကော်မရှင်အဖွဲ့ဝင် Mr. Daichi Suzuki ကို ကြိုဆိုပါကြောင်း၊ အခြားသောအာဆီယံအစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအတိုင်း စဉ်းစား ဆင်ခြင်ဆုံးဖြတ်စရာတွေ အများကြီးရှိပါကြောင်း၊ ၂ဝ၁၆-၂ဝ၂ဝ ခုနှစ်အထိ အာဆီယံအားကစား ဆိုင်ရာလုပ်ငန်းစီမံချက်များနှင့် အာဆီယံအားကစားနှင့် ဂျပန်နိုင်ငံ၏ အားကစားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများသည်လည်း လိုက်လျော်ညီထွေမှုရှိကြောင်း ပြောကြားပါသည်။
 
ဆက်လက်၍ ဂျပန်နိုင်ငံမှ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်သူ Mr.Jugo Imalzumi  မှ နှုတ်ခွန်းဆက်အမှာစကားပြောကြားပါသည်။
 
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသူ အာဆီယံနိုင်ငံအားကစား အဆင့်မြင့်အရာရှိကြီးများနှင့် ဂျပန်နိုင်ငံအားကစား အဆင့်မြင့်အရာရှိကြီးတို့ အားကစား ဆိုင်ရာကိစ္စရပ်များအဖြစ် အာဆီယံနိုင်ငံများအနေနှင့် အားကစားကိစ္စရပ်များအဖြစ် အခြားသော ကိစ္စအရပ်ရပ်များကို ညှိနှိုင်းဆွေးနွေးအစည်းအဝေးပြုလုပ်ရာတွင် ဂျပန်နိုင်ငံကို ဖိတ်ခေါ်၍ ထည့်သွင်းဆွေးနွေးကြစေလိုကြောင်း၊ ၂ဝ၁၆-၂ဝ၂ဝ ခုနှစ်အထိ အာဆီယံနိုင်ငံများ အားကစားဆိုင်ရာ လုပ်ငန်းစီမံချက်များကို ဂျပန်နိုင်ငံအနေနှင့် ပူးပေါင်းပါဝင် ကူညီ ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ အာဆီယံဂျပန်အားကစားဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များအား လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရန် အာဆီယံ ဂျပန်အားကစား ဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပုဂ္ဂလိက အဖွဲ့အစည်းများ၊  နိုင်ငံအတွင်းရှိပြည်သူများ လက်တွေ့ကျကျ ပါဝင်လာနိုင်ရေး ကိစ္စရပ်များ၊ အာဆီယံဂျပန် အားကစားဆိုင်ရာ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်လျက်ရှိသော လုပ်ငန်းများအား ပြန်လည်ဆွေးနွေး သုံးသပ်ခြင်း၊ အာဆီယံနိုင်ငံအတွင်းရှိ အမျိုးသမီးငယ်များ အားကစားကဏ္ဍတွင် ပိုမိုပါဝင် လာနိုင်ရေးအတွက် အဆင့်မြ§င့်တင်ဆောင်ရွက်နိုင်ရေး လုပ်ငန်းများ၊ အောက်တိုဘာ(၁၁)ရက် နေ့တွင် ကျင်းပပြုလုပ်မည့် အာဆီယံနိုင်ငံများ အားကစားဝန်ကြီးများနှင့် ဂျပန်နိုင်ငံအားကစား ဝန်ကြီးတို့ တွေ့ဆုံအစည်းအဝေး (1st AMMS+Japan) အား အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ၂ဝ၁၈ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် အာဆီယံ အားကစားအဆင့်အရာရှိကြီးများနှင့် ဂျပန်အားကစားအဆင့်မြင့်အရာရှိကြီးတို့ (1st SOMS + Japan)  အစည်းအဝေးအား ကျင်းပနိုင်ရေး ရက်သတ်မှတ်ပေးနိုင်ရေး ကိစ္စရပ်များ စသည် တို့ကို အစည်းအဝေးတက်ရောက်လာကြသော အာဆီယံအားကစားဆိုင်ရာ အဆင့်မြင့် အရာရှိကြီး များနှင့် ဂျပန်နိုင်ငံအားကစားအဆင့်မြင့်အရာရှိကြီးတို့မှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရ သည်။
 

back to top Eng