နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Indoor Stadium (B)၌ ဒီဇင်ဘာ (၁၀) ရက်ညနေပိုင်းတွင် (၁၉)ကြိမ်မြောက်အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပမည်ဖြစ်ရာ အဆိုပါအခမ်းအနားကျင်းပပုံများကို ယင်းနေ့ ညနေ ၄ နာရီမိနစ် ၅၀ မှစတင်ပြီး မြန်မာ့ရုပ်မြင်သံကြား (MRTV)၊ မြန်မာ့အသံရေဒီယိုအစီအစဉ်၊ MRTV Sport Channel နှင့် MRTV Facebook Page တို့မှ တိုက်ရိုက်ထုတ်လှှင့်ပေးသွားမည်ဖြစ်ကြောင်း လေးစားစွာအသိပေးအပ်ပါသည်။