skip to content
 
 
နေပြည်တော်၊ ဒီဇင်ဘာ (၁၂)ရက်။
 
2018 South East Asian Amateur Golf Team Championship (PUTRA CUP) ဂေါက်သီးရိုက်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အစည်းအဝေးအား ယနေ့နံနက် (၁ဝ)နာရီအချိန်တွင် နေပြည်တော်ရှိ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ရုံးအမှတ်(၃၁)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး တက်ရောက် အမှာစကား ပြောကြား၍ ဦးဆောင်ဆွေးနွေးခဲ့ပါသည်။
 
အဆိုပါ အစည်းအဝေးသို့ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့်အတူ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ် ဥက္ကဌ ဦးကိုကိုအောင်နှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအသီးသီး၏ အရာရှိကြီးများတက်ရောက်ကြပါသည်။
 
ရှေးဦးစွာ ဒုတိယအမြဲတမ်းအတွင်းဝန်မှ အမှာစကားပြောကြားရာတွင် 2018 South East Asian Amateur Golf Team Championship(PUTRA CUP) ပြိုင်ပွဲကို အပြည်ပြည်ဆိုင်ရာ ဂေါက်သီးရိုက်ပြိုင်ပွဲတစ်ရပ်ကို အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခြင်းဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အေးချမ်းတည်ငြိမ်မှုနှင့် ခေတ်မှီ ဖွံ့ဖြိုးတိုးတက်နေမှု ပကတိ အခြေ အနေများကို အားကစားမှ တစ်ဆင့် နိုင်ငံတကာမှ သိမြင်နားလည်ခွင့်ရရှိစေရန် မြန်မာနိုင်ငံရှိ လူငယ်သွေးသစ် ဂေါက်သီးရိုက် အားကစားသမားများ၊ ဂေါက်သီး ရိုက်ဝါသနာရှင်များနှင့် လုပ်သား ပြည်သူများသည် နိုင်ငံတကာ ဂေါက်သီးရိုက် ပြိုင်ပွဲကို နီးနီးကပ်ကပ် မျက်မြင် ကိုယ်တွေ့ လေ့လာခွင့် ရရှိခြင်းဖြင့် ဂေါက်သီး အားကစားသမား လောက ပိုမို တိုးတက် ဖွံ့ဖြိုး လာစေရန်၊ မြန်မာ့ ဂေါက်သီးရိုက် အားကစားသမားများ၏ တိုးတက်မှု အခြေအနေကို ဆန်းစစ် လေ့လာနိုင်ရန်၊ မြန်မာမျိုးဆက်သစ်လူငယ် ဂေါက်သီး အားကစားသမားများ ပိုမိုပေါ်ထွက်လာပြီး အရှေ့တောင်အာရှမှစ၍ ကမ္ဘာ့အဆင့် ပြိုင်ပွဲများသို့တိုင် အဆင့်အတန်းမှီမှီ ပါဝင်နိုင်ပြီး အားကစားဖြင့် နိုင်ငံဂုဏ်ဆောင်နိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်း ဖြစ်ပါကြောင်း-
 
 
 
ပြိုင်ပွဲသို့ အာဆီယံ(၁ဝ)နိုင်ငံနှင့် ဟောင်ကောင်၊ ပါပူဝါနယူးဂီနီနိုင်ငံ (၁၂) နိုင်ငံတို့အား  ဖိတ်ကြားခဲ့ပြီး ၊အားကစားသမား (၁ဝဝ)ဦးခန့် ပါဝင် ယှဉ်ပြိုင်မည် ဖြစ်ပါကြောင်းနှင့် ယခု (PUTRA CUP) ပြိုင်ပွဲအား မြန်မာနိုင်ငံမှ (၁၉၆၉ခုနှစ်၊ ၁၉၇၇ခုနှစ်၊ ၁၉၈၄ခုနှစ်၊ ၁၉၉၆ခုနှစ်၊ ၂ဝဝ၅ခုနှစ်) လက်ခံကျင်းပခဲ့ပြီး၊ ယခုပြိုင်ပွဲအား (၆)ကြိမ်မြောက်အဖြစ် လက်ခံကျင်းပခြင်း ဖြစ်ပါသည်။
 
ယခု ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးသည် မိမိနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို မြှင့်တင်ရာ ရောက်ပါကြောင်း၊ သို့ဖြစ်ပါ၍ တက်ရောက်လာကြသည့် ဆပ်ကော်မတီအသီးသီးမှ ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးကို ဝိုင်းဝန်း အကြံပေး ကူညီဆောင်ရွက် ပေးကြပါရန် ပြောကြားခဲ့ပါသည်။
 
ဆက်လက်ပြီး ဂေါက်သီးအဖွဲ့ချုပ် ဥက္ကဌ ဦးကိုကိုအောင်မှ ပြိုင်ပွဲနှင့်ပတ်သက်၍ ပြောကြားရာတွင် ပြိုင်ပွဲအား နေပြည်တော်ရှိ မြို့တော် ဂေါက်ကွင်း၌ ဒီဇင်ဘာလ (၂ဝ)ရက်နေ့မှ (၂၃) ရက်နေ့ထိ ကျင်းပမည့် ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား (၄)မျိုးဖြစ်သည့်-
 
58th Putra Cup ပြိုင်ပွဲ ၊12th Lion City Cup ပြိုင်ပွဲ ၊10th Santi Cup ပြိုင်ပွဲ ၊6th Kantini Cup ပြိုင်ပွဲများကို ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင် (၁၂) နိုင်ငံမှ အားကစားသမား(၁ဝဝ) ခန့်ပါဝင် ယှဉ်ပြိုင်မည် ဖြစ်ပြီး ပြိုင်ပွဲ အောင်မြင်စွာ လက်ခံ ကျင်းပနိုင်ရေးနှင့် ပြိုင်ပွဲ လက်ခံမည့် ဂေါက်ကွင်း တာဝန်ခံများနှင့် ပေါင်းစပ်ညှိနှိုင်းရမည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ပါသည်။
 
ဆက်လက်၍ အစည်းအဝေး တက်ရောက်လာကြသည့် ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများမှ ပြိုင်ပွဲလုံခြုံရေးကိစ္စရပ်များ၊ ကျန်းမာရေးစောင့်ရှောက်မှုကိစ္စရပ်များ၊ သယ်ယူပို့ဆောင်ရေးကိစ္စရပ်များ၊ ဗီဇာကတ်ရရှိရေးကိစ္စရပ်များ၊ လျှပ်စစ်မီး မဖြတ်တောက်ရေးကိစ္စရပ်များ၊ ပြိုင်ပွဲဝင်များနှင့် ပတ်သက်သောကိစ္စရပ်များ၊ ပြိုင်ပွဲ ကျင်းပရေး နေရာတွင် Wifi ရရှိရေးကိစ္စရပ်များ၊ ပြိုင်ပွဲ ဖွင့်ပွဲနှင့် ဆုပေးပွဲအခမ်းအနားများ ပေါင်းစပ်ည§ိနှိုင်းရေးကိစ္စရပ်များအား အသီးသီး ဝိုင်းဝန်း ဆွေးနွေးကြပါသည်။
 
ဆက်လက်၍ ဒုတိယအမြဲတမ်းအတွင်းဝန်မှ နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားအားရုပ်သိမ်းခဲ့ပါသည်။
 

back to top Eng