Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
(၂၉)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များ ရရှိ ခဲ့ကြသည့်နိုင်ငံ့ဂုဏ်ဆောင်ဘိလိယက်နှင့်စနူကာအားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်း
ရန်ကုန်၊ အောက်တိုဘာလ(၁၅ )ရက်။
မလေးရှားနိုင်ငံတွင် သြဂုတ်လ(၁၉)ရက်မှ (၃ဝ)ရက် နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၂၉)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များ ရရှိ ခဲ့ကြသည့်နိုင်ငံ့ဂုဏ်ဆောင်ဘိလိယက်နှင့်စနူကာအားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ည (၆)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ကန်တော်မင်္ဂလာပန်းခြံရှိ ရွှေဘဲစားသောက်ဆိုင် ၌ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ပါမောက္ခဒေါက်သက်ခိုင်ဝင်း ၊ အားကစားဝန်ကြီးဌာနဒုတိယဝန်ကြီးဦးသောင်းထိုက်(ငြိမ်း)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (၁)ဦးထွန်းမြင့်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များရွေးချယ်တင်မြောက်ရေး အဖွဲ့ခေါင်းဆောင် ဦးအောင်ဒင် (ညွှန်ကြားရေးမှူးချုပ်-ငြိမ်း)နှင့် အမှုဆောင်များ၊ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာ အဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာမင်းနိုင်၊ ဒုတိယဥက္ကမျြားနှင့်အဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အားကစားသမားများတက်ရောက်ကြသည်။
ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ပါမောက္ခ ဒေါက်သက်ခိုင်ဝင်း က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာ အဖွဲ့ချုပ်မှ ငွေတံဆိပ်(၃)ခု၊ ကြေးတံဆိပ်(၃)ခု စုစုပေါင်းဆုတံဆိပ်(၆)ခုရရှိခဲ့ရာ နိုင်ငံတော် အတွက် နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးရာရောက်တဲ့အပြင် နိုင်ငံတော်ရဲ့ဂုဏ်သိက္ခာ မြင့်တင်ရေးဆိုတဲ့ အမျိုးသားရေးတာဝန်ကြီးကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသူတွေဖြစ်တာကြောင့် ယခုလိုထိုက်ထိုက်တန်တန်ဂုဏ်ပြုရခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် အနေဖြင့် အောင်မြင်မှုဆွတ်ခူးရရှိခဲ့သော မှတ်တမ်းများကိုကြည့်ခြင်းအားဖြင့် မြန်မာ့ဘိလိယက် နှင့် စနူကာအားကစားသမားများသည် အရှေ့တောင်အာရှမှ အာရှတွင်မက ကမ္ဘာ့ အဆင့်သို့ တက်လှမ်းနိုင်ခဲ့တာကို တွေ့မြင်ခဲ့ရပြီဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေနဲ့ နိုင်ငံတော်၏အားကစားအဆင့်အတန်းမြင့်မားရေး တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး ကို
Mass sport
မှ
Excellent sport
ဖြစ်လာစေရေးအတွက် အားကစားလှုပ်ရှားမှုများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အားကစားသမားအနေဖြင့် ယခုလို အားကစားအောင်မြင်မှုများကို အနာဂတ်သို့ တိုင် ဆက်လက်ထိန်းသိမ်းသယ်ဆောင်သွား နိုင်ဖို့အတွက် မလျော့သော ဇွဲ၊ လုံလ၊ အားမာန်စိတ်ဓါတ်တို့ဖြင့် ဆက်လက်အားထုတ်ကြိုးပမ်း သွားကြပါရန်နှင့် ယခုအောင်မြင်မှုမှာပင်ကျေနပ်မနေဘဲ အာရှအဆင့်ကမ္ဘာ့အဆင့်သို့ ဆက်လက် ထိုးဖောက်နိုင်အောင် မျိုးဆက်သစ်လူငယ်တွေကို လက်တွဲပြီးပိုမိုအောင်မြင်တဲ့ အားကစား သမားများဖြစ်အောင်ကြိုးစားကြပါလို့မှာကြားခဲ့သည်။
မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာ အဖွဲ့ချုပ်ဥက္ကြ ဒေါက်တာမင်းနိုင် က ဘိလိယက်နှင့် စနူကာအားကစားတိုးတက်ဖွံ့ဖြိုးရေးအတွက် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်သက်ခိုင်ဝင်း က ဘိလိယက်နှစ်ယောက်တွဲတွင်ငွေတံဆိပ်ရရှိသော အောင်ဌေးနှင့် စည်သူတို့အား ငွေကျပ်သိန်း(၂ဝ)၊ ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိသော ချစ်ကို အား ငွေကျပ်သိန်း(၂ဝ)၊ ၉ ဘေူူ နှစ်ယောက်တွဲတွင်ငွေတံဆိပ်ရရှိသော မောင်မောင်နှင့် အောင်မိုးသူ တို့အား ငွေကျပ်သိန်း(၂ဝ) တို့ကိုပေးအပ်ချီးမြှင့်၍လည်းကောင်း၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များရွေးချယ်တင်မြောက်ရေး အဖွဲ့ခေါင်းဆောင် ဦးအောင်ဒင် က ဘိလိယက် တစ်ဦးချင်းပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိသော နေသွေးဦးအား ငွေကျပ်(၁ဝ)သိန်း၊ စနူကာ တစ်ဦးချင်း ပြိုင်ပွဲတွင် ကြေးတံဆိပ်ရ ကိုထက်အား ငွေကျပ်(၁ဝ)သိန်း၊ စနူကာ(၂)ယောက်တွဲပြိုင်ပွဲတွင် ကြေးတံဆိပ်ရ ကိုထက်နှင့်အောင်ဖြိုး တို့အားငွေကျပ်(၁ဝ)သိန်းတို့ကို ပေးအပ်ချီးမြှင့်၍ လည်းကောင်း၊ ချယ်ရီဦးကုမ္ပဏီမှ စီအီအိုဦးကျော်ကျော်မိုး က ဆုရအားကစားသမားများနှင့် နည်းပြများကို လက်ပတ်နာရီ တစ်လုံးစီ တို့အားအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဂုဏ်ပြုညစာ စားပွဲဖြင့်တည်းခင်းဧည့်ခံခဲ့ကြောင်းသတင်းရရှိသည်။
14 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display