ရန်ကုန်၊ ဒီဇင်ဘာလ(၁၆ )ရက်။
အားကစားလှုပ်ရှားမှုတိုင်းတွင် ပြည်သူတစ်ရပ်လုံး ပါ၀င်လှုပ်ရှား ကစားလာစေရေး၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်လာစေရေးနှင့် မြန်မာ့ပြေးခုန်ပစ် အားကစားနည်းတစ်ရပ်ဖြစ်သည့် မာရသွန်အားကစားသမား မျိုးဆက်သစ်များ ပေါ်ထွက်လာစေရေးနှင့် "RUN for HEALTH, RUN TOGETHER" ဆောင်ပုဒ်နှင့်အညီ ရည်ရွယ်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့၏ ကူညီမှုဖြင့် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် POCARI SWEAT RUN Co.,Ltd တို့ ပူးပေါင်းကျင်းပသည့် ၂၀၁၈ ခုနှစ် POCARI SWEAT RUN မာရသွန်ပြိုင်ပွဲကို ယနေ့ နံနက် (၅)နာရီခွဲက ရန်ကုန်မြို့ ကျိုက္ကဆံကွင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ပြေးခုန်ပစ်လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ ရခိုင်တိုင်းရင်းသားရေးရာ၀န်ကြီးဦးဇော်အေးမောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လူထုအားကစားနှင့်ပညာပေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာ သိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီးအားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာ၀န်ရှိသူများ၊Myanmar Distribution Group Managing Director ဦးအောင်မော်သိန်း၊ Mikio Bando , Senior Vice President and General Manager OIAA Division , Otsuka Phamaceuticals နှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
အစီအစဉ်အရ POCARI SWEAT RUN မာရသွန်အပြေးပြိုင်ပွဲ၊ ဖွင့်ပွဲအစီအစဉ် ကို ဆက်လက်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်၊ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးဦးဇော်အေးမောင်နှင့် POCARI SWEAT မှ တာ၀န်ရှိသူများက ပြိုင်ပွဲ၀င်အားကစားသမား (၄၅၀၀၀) ရှေ့သို့ လေပူဖောင်းများပစ်ပေး၍ ပြိုင်ပွဲအား စတင်ကျင်းပဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ (၂၁)ကီလိုမီတာမာရသွန် အပြေးပြိုင်ပွဲအား စတင်တာလွှတ်ပေး၍လည်းကောင်း၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်မှ (၁၀)ကီလိုမီတာ မာရသွန်အပြေးပြိုင်ပွဲအား စတင်တာလွှတ်ပေး၍လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန လူထုအားကစားနှင့် ပညာပေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးဌေးအောင်မှ (၆)ကီလိုမီတာ မီနီမာရသွန် ပြေးပြိုင်ပွဲအား အသီးသီးစတင်တာလွှတ်ပေးခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် (၂၁)ကီလိုမီတာLOCALS အမျိုးသား/အမျိုးသမီးမာရသွန်ပြိုင်ပွဲ၌ ပထမ အမေရိကန်ဒေါ်လာ (၁၅၀၀) ၊ဒုတိယ အမေရိကန်ဒေါ်လာ(၁၀၀၀)၊ တတိယ အမေရိကန် ဒေါ်လာ(၅၀၀) နှင့် (၂၁)ကီလိုမီတာ Interational အမျိုးသား/အမျိုးသမီးပြိုင်ပွဲတွင် ပထမ အမေရိကန်ဒေါ်လာ(၆၀၀)၊ ဒုတိယအမေရိကန်ဒေါ်လာ(၅၀၀)၊ တတိယအမေရိကန် ဒေါ်လာ (၄၀၀) တို့အားလည်းကောင်း၊ (၁၀)ကီလိုမီတာLOCALS အမျိုးသား/အမျိုးသမီး မာရသွန်ပြိုင်ပွဲ၌ ပထမ အမေရိကန်ဒေါ်လာ (၁၀၀၀) ၊ဒုတိယ အမေရိကန်ဒေါ်လာ(၅၀၀)၊ တတိယ အမေရိကန် ဒေါ်လာ(၂၅၀)တို့အားလည်းကောင်း၊ (၁၀)ကီလိုမီတာInterational အမျိုးသား/ အမျိုးသမီးပြိုင်ပွဲတွင် ပထမ အမေရိကန်ဒေါ်လာ(၃၀၀)၊ ဒုတိယအမေရိကန်ဒေါ်လာ (၂၅၀)၊ တတိယအမေရိကန်ဒေါ်လာ (၂၀၀) တို့အားလည်းကောင်း ၊ (၆)ကီလိုမီတာမီနီမာရသွန် အမျိုးသား/အမျိုးသမီးပြိုင်ပွဲတွင် ပထမ အမေရိကန်ဒေါ်လာ(၂၀၀)၊ ဒုတိယအမေရိကန်ဒေါ်လာ (၁၀၀)၊ တတိယအမေရိကန်ဒေါ်လာ (၅၀) တို့အားလည်းကောင်းဆုရရှိသူများအား တာ၀န်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိသည်။